ယေရမိ 7:13Judson Bibleယခုတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်လည်းကောင်း၊ ငါသည် စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည်နံကြ၏။ ရေငတ်၍ သေကြ၏။
စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောနဒပ်သည် မိမိသားတို့၌ထားသော ပညတ်စကားအတိုင်း၊ သူတို့သည်ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နားထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။
ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မလမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့။ အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြလိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ်လျက်၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြဟု မိန့်တော်မူ၏။
သင်တို့သည် နံ့သာအပေါင်းကိုမီးရှို့၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက် ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်လည်းကောင်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။-