Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 7:12

Judson Bible

ရှေ့​ဦး​စွာ ငါ၏​နာ​မ​ကို ငါ​တည်​စေ​သော​အ​ရပ်၊ ရှိ​လော​ရွာ၌​ရှိ​သော ငါ့​အ​ရပ်​ဌာ​န​သို့​သွား၍၊ ငါ၏​အ​မျိုး ဣ​သ​ရေ​လ​လူ​တို့၏ အ​ပြစ်​ကြောင့်၊ ထို​အ​ရပ်​ကို အ​ဘယ်​သို့​ငါ​ပြု​ဖူး​သည်​ကို ကြည့်​ရှု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ပေး​သော​ပြည်​မှ ငါ​ပယ်​ဖြတ်​မည်။ ငါ့​နာ​မ​ဖို့ ငါ​သန့်​ရှင်း​စေ​သော ဤ​အိမ်​တော်​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည်​လည်း တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပုံ​ခိုင်း​ရာ​ကဲ့​ရဲ့​ရာ​ဖြစ်​ရ​လိမ့်​မည်။

ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။

ရှိ​လော​ရွာ​ကို ငါ​ပြု​သ​ကဲ့​သို့၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော၊ သင်​တို့​ခို​လှုံ​သော ဤ​အိမ်​တော်၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ငါ​ပေး​သော အ​ရပ်​ဌာ​န​ကို ငါ​ပြု​မည်။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ရှိ​လော​မြို့​မှာ​စည်း​ဝေး၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို တည်​ထောင်​ကြ၏။ သူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​နှိမ့်​ချ​လျက်​ရှိ၏။

ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။

ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ရှိ​လော​မြို့၌ ရှိ​သည်​ကာ​လ​ပတ်​လုံး၊ မိ​က္ခာ​သွန်း​သော​ရုပ်​တု​ကို​လည်း တည်​ထောင်​ကြ၏။

ဧ​လ​ကာ​န​သည် ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ခြင်း​ငှာ၊ မိ​မိ​နေ​ရာ​မြို့​မှ ရှိ​လော​မြို့​သို့ နှစ်​တိုင်း​သွား​မြဲ​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ် ဧ​လိ၏​သား​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​သည် ရှိ​လော​မြို့၌ နေ​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့ ရောက်​သော​ကြောင့်၊ ဣ​သ​ရေ​လ ဘုန်း​အ​သ​ရေ ပျောက်​ခဲ့​ပြီ​ဟု ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ