Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 6:9

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​နွယ်​ပင်၌ အ​ကျန်​အ​ကြွင်း​ကို လိုက်၍ ဆွတ်​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် ဣ​သ​ရေ​လ၌ ကျန်​ကြွင်း​သော​အ​ရာ​ကို​လိုက်၍ အ​ကုန်​အ​စင်​ဆွတ်​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ဆွတ်​သော သူ​ကဲ့​သို့၊ သင်၏​လက်​ကို ခြင်း​တောင်း​ထဲ​သို့ တစ်​ဖန်​သွင်း​ဦး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

တစ်​စုံ​တစ်​ယောက်​မျှ မ​ကြွင်း​ရ။ ထို​သို့ စစ်​ကြော​ရာ​ကာ​လ​တည်း​ဟူ​သော ဘေး​ဥ​ပဒ်​ကို အာ​န​သုတ်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။

စ​ပျစ်​သီး​ကို​ဆွတ်​သော သူ​တို့​သည် သင်​ရှိ​ရာ​သို့​လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကျန်​ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ ည​အ​ခါ သူ​ခိုး​လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ လု​ယူ​ကြ​လိမ့်​မည်​မ​ဟုတ်​လော။

ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

မီး​ကို​အ​စိုး​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပ​လ္လင်​ထဲ​က​ထွက်၍ ထက်​သော တံ​စဉ်​ပါ​သော သူ​ကို ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း​နှင့် ခေါ်​လျက်၊ သင်၏ ထက်​သော​တံ​စဉ်​ကို လွှတ်၍ မြေ​ကြီး၏ စ​ပျစ်​သီး​ပြွတ်​တို့​ကို ရိတ်​လော့။ အ​သီး​မှည့်​ပြီ​ဟု ပြော​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ