သူ့ကို စစ်တိုက်ခြင်းငှာပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ခက်လှ၏။ မွန်းလွဲပြီ။ မိုးချုပ်လေပြီ။
ကျွန်ခံရသောသူသည် မိုးချုပ်သောအချိန်ကို တောင့်တ၍၊ အငှားခံသောသူသည် အခရမည့်အချိန်ကို မျှော်လင့်သကဲ့သို့၊
မိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမီ၊ ငါချစ်ရာသခင်၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ တစ်ဖန် ပြုတော်မူပါ။
သူတို့မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာများပြားကြလိမ့်မည်။ မွန်းတည့်အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကိုငါခေါ်ခဲ့၍၊ ကြောက်မက်ဖွယ်သောလုပ်ကြံခြင်းကို ချက်ချင်းဖြစ်စေမည်။
သားခုနစ်ယောက်ကို ဖွားမြင်သောမိန်းမသည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန်မရောက်မီ သူ၏နေဝင်လေ၏။ သူသည် ရှက်ကြောက်မှိုင်တွေလျက်နေရ၏။ ကျန်ကြွင်းသောသူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ဓား၌ငါအပ်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီးခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရား ဆိုင်တော်မမူ။
လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍၊ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
အသီးအနှံ သိမ်းရာကာလလွန်ပြီ။ နွေကာလကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။
ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။
အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
ငါ၏လူတို့ကိုမှားယွင်းစေလျက် ဝစွာစားရသောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော်လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊
အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။