Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 6:2

Judson Bible

အ​ဆင်း​လှ၍ နူး​ညံ့​သိမ်​မွေ့​သော​သူ​တည်း​ဟူ​သော ဇိ​အုန်​သ​တို့​သ​မီး​ကို ငါ​ဖျက်​ဆီး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဇိ​အုန်​သ​တို့​သ​မီး​သည်​လည်း၊ စ​ပျစ်​ဥ​ယျာဉ်​၌ တဲ​ကဲ့​သို့​လည်း​ကောင်း၊ သ​ခွား​တောင်​ယာ​၌ လင့်​စင်​ကဲ့​သို့​လည်း​ကောင်း၊ ရန်​သူ​ဝိုင်း​သော​မြို့​ကဲ့​သို့​လည်း​ကောင်း ကျန်​ရစ်​လေ​၏။

အ​ကယ်​စင်​စစ် သား​ဖွား​သော​မိန်း​မ​ညည်း​သံ၊ သား​ဦး​ဖွား​သော မိန်း​မ၏​ဝေ​ဒ​နာ​ခံ​ရာ​အ​သံ​ကဲ့​သို့၊ ဇိ​အုန်​သ​တို့​သ​မီး အော်​ဟစ်​သံ​ကို ငါ​ကြား​ရ၏။ ထို​သ​တို့​သ​မီး​က၊ အ​ကျွန်ုပ်​သည် အ​မင်္ဂ​လာ​ရှိ​ပါ၏။ လူ​သတ်​များ​ကြောင့်၊ အ​ကျွန်ုပ်​စိတ်​ပျက်​ပါ၏​ဟု မိ​မိ​လက်​ဝါး​ကို​ဖြန့်၍ ငို​ကြွေး​လျက်​နေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး​ကို အ​မျက်​တော်​မိုး​တိမ်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ဂုဏ်​အ​သ​ရေ​ကို ကောင်း​ကင်​မှ​မြေ​ကြီး​တိုင်​အောင် ချ​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​ချိန်၌ ခြေ​တော်​တင်​ရာ​ခုံ​ကို မ​အောက်​မေ့​ဘဲ နေ​တော်​မူ​ပါ​ပြီ​တ​ကား။

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

ကောင်း​မွန်​စွာ စား​တတ်​သော သူ​တို့​သည် ကိုး​ကွယ်​ရာ​မ​ရှိ၊ လမ်း၌​နေ​ကြ၏။ နီ​မောင်း​သော အိပ်​ရာ​ပေါ်​မှာ ပျော်​မွေ့​ဖူး​သော သူ​တို့​သည် နောက်​ချေး​ပုံ​ကို ဖက်​ရ​ကြ၏။

သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ အ​လွန်​နူး​ညံ့​သိမ်​မွေ့​သ​ဖြင့် မြေ​ကို မ​နင်း​ဝံ့​သော​မိန်း​မ​သည်​လည်း၊ စား​စ​ရာ​အ​လျှင်း မ​ရှိ​သော​ကြောင့်၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော လင်၊ မိ​မိ​သား​သ​မီး၊ မိ​မိ​ဝမ်း​ထဲ​က ထွက်​သော​အ​ချင်း၊ မိ​မိ​ဖွား​မြင်​သော သူ​ငယ်​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ မိ​မိ​သူ​ငယ်​ကို တိတ်​ဆိတ်​စွာ စား​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ