Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 52:27

Judson Bible

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို​ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဒ​ဒေ​ဇာ၏ တပ်​အ​လုံး​အ​ရင်း​ကို ဒါ​ဝိဒ်​လုပ်​ကြံ​ကြောင်း​ကို၊ ဟာ​မတ်​မင်း​ကြီး​တော​ဣ​သည်​ကြား​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​ကို ရွံ​ရှာ၍ မျက်​မှောက်​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် ဒဏ်​ခတ်​တော်​မူ၏။ လု​ယက်​သော​သူ​တို့​လက်၌ အပ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မ​မူ​မီ​တိုင်​အောင် သူ​တို့​သည် ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ရှောင်​ဘဲ​လိုက်​ကြ၏။ ထို​ကြောင့် နေ​ရင်း​ပြည်​မှ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား​ခြင်း​ကို ယ​နေ့​တိုင်​အောင်​ခံ​ရ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​သ​ကဲ့​သို့ ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ပယ်​ရှား​မည်။ ငါ​ရွေး​ချယ်​သော ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ အ​ကြင်​ဗိ​မာန်၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ငါ​ဆို​သော ဗိ​မာန်​ကို​လည်း​ကောင်း၊ ငါ​စွန့်​ပစ်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ပြည်​လုံး လွတ်​လပ်၍ ရှင်း​ရှင်း​ပျက်​စီး​ရ​လိမ့်​မည် ဟူ​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​သော်​လည်း၊ ခိုင်​ခံ့​သော​မြို့​သည်၊ ဆိတ်​ညံ​သော​အ​ရပ်၊ တော​ကဲ့​သို့​စွန့်၍ ပစ်​ထား​သော​နေ​ရာ ဖြစ်​လိမ့်​မည်။ ထို​အ​ရပ်၌ နွား​သ​ငယ်​သည် ကျက်​စား​လျက်၊ အိပ်​လျက်​နေ၍၊ အ​ညွန့်​များ​ကို ကိုက်​စား​လိမ့်​မည်။

ထို​ကြောင့်၊ သန့်​ရှင်း​ရာ​ဌာ​န၏​မင်း​တို့​ကို ငါ​ရှုတ်​ချ​ပြီ။ ယာ​ကုပ်​အ​မျိုး​သည် ကျိန်​ဆဲ​ခြင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​စေ​ခြင်း​ငှာ​ငါ​စွန့်​ပြီ။

တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​တို့၌၊ သင့်​ကို ကြောက်​မက်​ဖွယ်​သော​အ​ရာ ဖြစ်​စေ​မည်။ သူ​တို့​သည်​လည်း၊ သင့်​မျက်​မှောက်၌ ရန်​သူ၏​ဓား​ဖြင့် ဆုံး​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား၍၊ ဓား​နှင့် သတ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။

သို့​ရာ​တွင်၊ ဥ​စ္စာ​အ​လျှင်း​မ​ရှိ​သော ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ယု​ဒ​ပြည်၌​ထား​ခဲ့၍၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် လယ်​ယာ​တို့​ကို ပေး​လေ၏။

ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။

ရန်​သူ​တို့​သည် ရှင်​ဘု​ရင်​ကို ဖမ်း​ဆီး၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့​သို့​ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန် ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊

တစ်​ပြည်​လုံး​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ကုန်၍၊ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ​အောင်၊ ဣ​သ​ရေ​လ​တောင်​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ရ​ကြ​လိမ့်​မည်။

အို ဇိ​အုန်​သ​တို့​သ​မီး၊ သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ၍၊ သား​ကို​ဖွား​အံ့​သော​ငှာ အား​ထုတ်​လော့။ ယ​ခု​ပင် သင်​သည် မြို့​ထဲ​က​ထွက်၍ လယ်​ပြင်၌ နေ​ရ​မည်။ ဗာ​ဗု​လုန်​မြို့​တိုင်​အောင် သွား​ရ​မည်။ ထို​မြို့၌ လွတ်​လိမ့်​မည်။ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ရန်​သူ​တို့​လက်​မှ ရွေး​နုတ်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ချီး​မြှောက်​သော​ရှင်​ဘု​ရင်​ကို သင်​နှင့် သင့်​ဘိုး​ဘေး​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော လူ​မျိုး​ရှိ​ရာ​သို့ ဆောင်​သွား​တော်​မူ​သ​ဖြင့်၊ သင်​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။

ကောင်း​ကင်​မြေ​ကြီး​ကို သင်​တို့​တစ်​ဖက်၌ ယ​နေ့​ငါ​တိုင်​တည်​သည်​ကား၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​သော​ပြည်၌၊ မ​ကြာ​မ​မြင့်​မီ ဆက်​ဆက် ပျောက်​ပျက်​ရ​ကြ​လိမ့်​မည်။ ထို​ပြည်၌ တာ​ရှည်​စွာ အ​သက်​မ​ရှင်​ရ။ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ