ယေရမိ 52:12Judson Bibleဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတစ်ဆယ်ကိုးနှစ်၊ ပဥ္စမလ ဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ အခန်းကိုကြည့်ပါ။ |
ဤမြို့ကိုတိုက်သော ခါလဒဲလူတို့သည် ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ ဗာလဘုရားအဖို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ အခြားတစ်ပါးသော ဘုရားတို့အဖို့ သွန်းလောင်းရာ ပူဇော်သကာကိုပြုရာ အိမ်များနှင့်တကွ၊ တစ်မြို့လုံးကို မီးလောင်စေကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဥ္စမလတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင်ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုးဝမ်းမြောက်ရွှင်လန်း၍ ပွဲလုပ်ရာကာလ ဖြစ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက်ကြလော့။