ယေရမိ 52:1Judson Bibleဇေဒကိမင်းသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတာလဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသားဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကိုငါတို့ထံမှ ပြန်သွားစေခြင်းငှာ၊ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တစ်ဖန်ပြုတော်မူမည်အကြောင်း၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန်ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊