Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 51:57

Judson Bible

ဗာ​ဗု​လုန်​မင်း​သား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ၊ မင်း​အ​ရာ​ရှိ၊ ခွန်​အား​ကြီး​သော သူ​တို့​ကို ငါ​ယစ်​မူး​စေ​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန်​မ​နိုး​ဘဲ အ​စဉ်​မ​ပြတ် အိပ်​ပျော်​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ကောင် ဖြစ်​ကြ၏။

ငါ​သည် မိ​စ္ဆာ​ဆ​ရာ​တို့၏​ပု​ပ္ပ​နိ​မိတ်​များ​ကို ပယ်​ဖျောက်​တတ်၏။ ဗေ​ဒင်​သ​မား​တို့​ကို ရူး​သွပ်​စေ​တတ်၏။ ပ​ညာ​ရှိ​တို့​ကို​လှန်၍ သူ​တို့၏​ပ​ညာ​ကို မိုက်​စေ​တတ်၏။

ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။

သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ယစ်​မူး​ခြင်း​နှင့် ငါ​ပြည့်​စေ​မည်။

သင်​တို့​အ​လယ်​သို့ ငါ​စေ​လွှတ်​သော​ဓား​ကြောင့် သောက်၍​ယစ်​မူး​ကြ။ အော့​အန်​ကြ၊ လဲ​ကြ၊ နောက်​တစ်​ဖန် မ​ထ​ကြ​နှင့်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား ဆင့်​ဆို​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟု ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​သက်​ရှင်​သည်​ဖြစ်၍၊ တောင်​တို့​တွင် တာ​ဗော်​တောင်​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​နား​မှာ က​ရ​မေ​လ​တောင်​ကဲ့​သို့​လည်း​ကောင်း ထို​မင်း​သည် လာ​လိမ့်​မည်။

မော​ဘ​ပြည်​သည် ပျက်​စီး​ပြီ။ မြို့​တို့​သည် ကျွမ်း​လောင်​ကြ​ပြီ။ သူ​ရွေး​ချယ်​သော လု​လင်​တို့​သည် ကွပ်​မျက်​ခြင်း​ကို ခံ​အံ့​သော​ငှာ ဆင်း​သွား​ကြ​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ရှင်​ဘု​ရင် မိန့်​တော်​မူ၏။

ထို​ကြောင့်၊ မြို့​သား​လု​လင်​တို့​သည် လမ်း​မ​တို့၌​လဲ​နေ၍၊ ထို​နေ့​တွင် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ပျော်​မွေ့​ကြ​မည်​အ​ကြောင်း​နှင့်၊ နောက်​တစ်​ဖန်​မ​နိုး​ဘဲ၊ အ​စဉ်​မ​ပြတ် အိပ်​ပျော်​မည်​အ​ကြောင်း၊ သူ​တို့​သည် ရွှင်​လန်း​အား​ကြီး​သော​အ​ခါ၊ သောက်​စ​ရာ​ဖို့ ငါ​တိုက်၍ ယစ်​မူး​စေ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း အ​ကယ်​စင်​စစ် အား​ကြီး​သော​လက်၊ ဆန့်​သော​လက်​ရုံး၊ သွန်း​လောင်း​သော ဒေါ​သ​အ​ရှိန်​အား​ဖြင့် သင်​တို့​ကို ငါ​အုပ်​စိုး​မည်။

သူ​တို့​သည် ဆူး​ပင်​ကဲ့​သို့ အ​ချင်း​ချင်း ညှိ​တွယ်​လျက်၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့​ဖြစ်​လျက်၊ သွေ့​ခြောက်​သော အ​မှိုက်​ကဲ့​သို့ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

အို အာ​ရှု​ရိ​ရှင်​ဘု​ရင်၊ သင်၏​သိုး​ထိန်း​တို့​သည် အိပ်​ပျော်​လျက်၊ သင်၏​မှူး​မတ်​တို့​သည် ကျိန်း​ဝပ်​လျက်၊ သင်၏​လူ​အ​ပေါင်း​တို့​သည် တောင်​ရိုး​ပေါ်​မှာ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​လျက်​ရှိ၍၊ အ​ဘယ်​သူ​မျှ မ​စု​ဝေး​စေ။

သ​စ္စာ​က​တိ​ထား​ပြီး​မှ မိ​မိ​သိုး​စု၌ အ​ထီး​ရှိ​လျက်​ပင်​လှည့်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​အား ချို့​တဲ့​သော အ​ကောင်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ငါ​သည် ကြီး​မြတ်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ငါ၏​နာ​မ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​တွင် ကြောက်​မက်​ဖွယ်​ဖြစ်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မ​တ​ရား​သော​မေ​ထုန်​ကို သူ​နှင့်​ပြု၍ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​သော လော​ကီ​ရှင်​ဘု​ရင်​တို့​သည်၊ သူ​ကျွမ်း​လောင်​ရာ မီး​ခိုး​ကို မြင်​သော​အ​ခါ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ