Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 51:53

Judson Bible

ဗာ​ဗု​လုန်​မြို့​သည် မိုး​ကောင်း​ကင်​သို့​တက်၍၊ မြို့​ရိုး​အ​ထွတ်​ကို ခိုင်​ခံ့​စွာ တည်​သော်​လည်း၊ ငါ​စေ​လွှတ်၍ လု​ယူ​သော​သူ​တို့​သည် သူ​ရှိ​ရာ​သို့ ရောက်​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

လာ​ကြ၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​ကွဲ​ပြား​မည်​ကို​စိုး​ရိမ်၍၊ မြို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သို့​မီ​ရ​သော ရဲ​တိုက်​ကို​လည်း​ကောင်း​တည်​လုပ်​သ​ဖြင့်၊ ကျော်​စော​ကိ​တ္တိ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ကုန်​အံ့​ဟု ပြော​ဆို​ကြ၏။

သူ၏​ဘုန်း​သည် မိုး​ပေါ်​သို့​တက်၍၊ သူ၏​ခေါင်း​သည် မိုး​တိမ်​တိုင်​အောင် မီ​သော်​လည်း၊

ကြည့်​ရှု​လော့။ ငွေ​ကို ပ​မာ​ဏ​မ​ပြု၊ ရွှေ​ကို အ​လို​မ​ရှိ​သော မေ​ဒိ​လူ​များ​ကို သူ​တို့​တစ်​ဖက်၌ ငါ​နှိုး​ဆော်​မည်။

မြောက်​မျက်​နှာ၌ လူ​တစ်​ယောက်​ကို ငါ​ပေါ်​ထွန်း​စေ၍၊ သူ​သည်​လာ​လိမ့်​မည်။ နေ​ထွက်​ရာ​မှ​လာ၍ ငါ့​နာ​မ​ကို​ပ​တ္ထ​နာ​ပြု​လိမ့်​မည်။ အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို​နင်း​သ​ကဲ့​သို့၊ ထို​သူ​သည် မင်း​တို့​ကို အိုး​မြေ​အ​မှတ်​နှင့် ကျော်​နင်း​လိမ့်​မည်။

အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ တိတ်​ဆိတ်​စွာ ထိုင်​လော့။ မိုက်​ရာ​သို့ သွား​လော့။ သင့်​ကို နိုင်​ငံ​တို့၏​အ​ရှင်​မ​ဟူ၍ နောက်​တစ်​ဖန် မ​ခေါ်​ရ။

သင်​က​လည်း၊ ငါ​သည် အ​ရှင်​မ၏​အ​ရာ၌ အ​စဉ်​အ​မြဲ​နေ​မည်​ဟု ထင်​သော​ကြောင့်၊ ဤ​အ​မှု​အ​ရာ​တို့​ကို မ​ဆင်​ခြင်။ သင်၌ နောက်​ဆုံး​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို မ​အောက်​မေ့။

ကျောက်​ကြား​တို့၌​နေ၍ တောင်​ထိပ်​ကို ခို​လှုံ​သော​သူ​ဖြစ်​သော​ကြောင့်၊ သင်၏​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ၊ သင်၏​မာ​န​သည် သင့်​ကို​လှည့်​စား​ပြီ။ သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ပုန်​ကန်​တတ်​သော​ပြည်၊ ဆုံး​မ​အပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ စစ်​ချီ​ကြ​လော့။ သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​အ​မျိုး​အ​နွယ်​ကို အ​ကုန်​အ​စင် ဖျက်​ဆီး​ကြ​လော့။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​ပြု​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် လက်​နက်​စုံ​တိုက်​တော်​ကို​ဖွင့်၍၊ အ​မျက်​တော်​လက်​နက်​တို့​ကို ထုတ်​တော်​မူ​ပြီ။ ဤ​အ​မှု​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ခါ​လ​ဒဲ​ပြည်၌ ပြု​တော်​မူ​သော​အ​မှု​ပေ​တည်း။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ ခါ​လ​ဒဲ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည် အား​မ​ရှိ​သော​ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့ လာ၍၊ ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​လိမ့်​မည်။

မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖျက်​ဆီး​တတ်​သော​သ​ဘော​ရှိ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖျက်​ဆီး​တတ်​သော​တောင်​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ပေါ်​မှာ ငါ၏​လက်​ကို​ဆန့်​လျက်၊ ကျောက်​တို့​မှ သင့်​ကို​လှိမ့်​ချ၍၊ မီး​နှင့်​ကျွမ်း​လောင်​သော​တောင် ဖြစ်​စေ​မည်။

ထို​သို့ မြောက်​မျက်​နှာ​အ​ရပ်​က လု​ယူ​သော​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ မိုး​မြေ​မှ​စ၍ အ​ရပ်​ရပ်၌​ရှိ​သ​မျှ​တို့​သည် ရွှင်​လန်း​သော​အ​သံ​ကို ပြု​ကြ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဗာ​ဗု​လုန်​မြို့​ကို တိုက်​ဖျက်​လု​ယူ​သော​သူ​သည် ရောက်​လျှင်၊ မြို့​သား​စစ်​သူ​ရဲ​တို့​သည် ရန်​သူ​တို့​လက်​သို့ ရောက်၍၊ သူ​တို့​စွဲ​ကိုင်​သော လေး​ရှိ​သ​မျှ​တို့​သည် ကျိုး​ကြ၏။ အ​ကျိုး​အ​ပြစ်​ကို ပေး​တတ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆက်​ဆက်​ပေး​တော်​မူ​ပြီ။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒု​ကြီး​သော ဗာ​ဗု​လုန်​မြို့​ရိုး​တို့​ကို အ​ကုန်​အ​စင်​ဖြို​ဖျက်၍၊ မြင့်​သော​မြို့​တံ​ခါး​တို့​ကို​လည်း မီး​ရှို့​ကြ​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် အ​ချည်း​နှီး​လုပ်​ဆောင်၍၊ မီး၌​ပင်​ပန်း​ခြင်း​ကို ခံ​ရ​ကြ​ပြီ။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။

မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် တွင်း​တူး​သော်​လည်း ငါ​နုတ်​ယူ​မည်။ မိုး​ကောင်း​ကင်​သို့ တက်​သော်​လည်း ငါ​ချ​မည်။

ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။

မိ​မိ​အ​သိုက်​ကို မြင့်​သော အ​ရပ်၌​တင်၍ ဘေး​ဒဏ်​လက်​မှ မိ​မိ​လွတ်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ဓ​မ္မ​စီး​ပွား​ကို မိ​မိ​အ​မျိုး​အ​ဖို့ ရှာ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ