ထိုနောက်မှ ဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တစ်ပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန် ရောက်လိမ့်မည်။
ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူရဲတပ်ကိုမြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူကလည်း၊ ဗာဗုလုန်မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြပါသည်ဟု ထပ်၍ဆိုလေ၏။
ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည်ငတ်မွတ်၍ သေကြလိမ့်မည်။
သင်သည် ဆုံးမတော်မူခြင်းကိုခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှာ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီ။ သားဖွားသောမိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့်မည် မဟုတ်လော။
ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြောဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားကိုလည်းကောင်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ ငါသည် ဒဏ်ပေးမည်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့်၊ ငါသည် သူတို့ကိုဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ်အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
လူမျိုးတို့တွင် သတင်းကြားပြောကြလော့။ ဝှက်၍မထားဘဲ အလံကိုထူ၍ ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရောဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန် ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ ကျိုးပဲ့လျက်ရှိကြ၏။
ထိုသို့သော အရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြလိမ့်မည်။
သို့ရာတွင်၊ ဗာဗုလုန်မြို့သူ၊ ခါလဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့၌ပြုလေသမျှသော ဒုစရိုက်ရှိသည်အတိုင်း၊ ငါသည် သင်တို့မျက်မှောက်၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသား တစ်စုံတစ်ယောက်မျှ ထိုလမ်းကိုမလျှောက်ရ။
သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည်ဒဏ်ပေး၍၊ တစ်ပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသောအချိန် ရောက်လိမ့်မည်။