ရှေရှက်မြို့ကိုတိုက်၍ရလေပြီတကား။ မြေတစ်ပြင်လုံး၌ ကျော်စောသော မြို့ကို လုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီတကား။
အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တစ်ယောက်ကမေးမြန်းသော်၊
တိုင်းနိုင်ငံတို့၏ အထွတ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။
သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့ မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသောသူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေပြီကား။
တစ်ပါးနှင့်တစ်ပါး နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတစ်ပြင်လုံး၌ ရှိသမျှသော လောကီနိုင်ငံအပေါင်းပါကြသတည်း။ နောက်ဆုံး၌ ရှေရှက်ရှင်ဘုရင် သောက်ရမည်။
အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။
မြေတစ်ပြင်လုံးကို ရိုက်နှက်သော သံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။
ဗာဗုလုန်မြို့ကို တိုက်ယူသောအသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုးတို့သည် ကြားရကြ၏။
ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဖွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်။
ကျွန်းသူကျွန်းသားအပေါင်းတို့သည် သင့်အမှုကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာပျက်လျက် ကြက်သီးမွေးညင်း ထကြ၏။
လူနေရာရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏။
အရှင်မင်းကြီး၊ ကိုယ်တော်ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား၍ ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ဘုန်းစည်းစိမ်တော်ကြီးမြင့်၍ မိုးကောင်းကင်သို့ထိ၏။ အာဏာစက်တော်လည်း၊ မြေကြီးစွန်းတိုင်အောင်ရောက်တော်မူ၏။
ဤမြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဖို့၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို၏။
ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူသော အပြည်ပြည်တို့၌ သင်သည်အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။