ယေရမိ 51:28Judson Bibleလူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ၏တစ်ဖက်၌ ပြင်ဆင်ကြလော့။ အခန်းကိုကြည့်ပါ။ |
မြားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏အမျက်တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသော အပြစ်နှင့်အလျောက် ဒဏ်ပေးခြင်းအမှု ဖြစ်သတည်း။
ထိုပြည်၌ အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကို သူ၏တစ်ဖက်၌ ပြင်ဆင်ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည်တို့ကို သူ၏တစ်ဖက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကို ခန့်ထား၍၊ အမွေးကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီစေကြလော့။