Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 51:18

Judson Bible

ထို​သို့​သော အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို ခံ​ရ​သည်​ကာ​လ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။

ရုပ်​တု​ဆင်း​တု​တို့​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ကြ​လိမ့်​မည်။

ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။

သင်၏​ကု​သိုလ်​နှင့်၊ သင်​ပြု​သော​အ​မှု​တို့​ကို ငါ​ဖော်​ပြ​မည်။

သာ​သ​နာ​ပ​လူ​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို မ​ဖန်​ဆင်း​သော​ဘု​ရား​တို့​သည် ဤ​ကောင်း​ကင်​အောက်၊ ဤ​မြေ​ကြီး​ပြင်​မှ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

လူ​မည်​သည်​ကား၊ မိ​မိ​ဉာဏ်​အား​ဖြင့် တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်၏။ ရုပ်​တု​ကို သွန်း​သော​သူ​တိုင်း မိ​မိ​လုပ်​သော ရုပ်​တု​အား​ဖြင့် မှောက်​မှား​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သွန်း​သော​ရုပ်​တု​သည် မု​သား​ဖြစ်၏။ သူ၌​လည်း ထွက်​သက်​ဝင်​သက် မ​ရှိ။

ထို​သို့​သော​အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို​ခံ​ရ​သည်​ကာ​လ၌ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

သူ​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း တိ​ရ​စ္ဆာန်​သ​ဘော​နှင့် မိုက်​သော​သ​ဘော​ရှိ​ကြ၏။ သစ်​သား​သော်​လည်း မိုက်​သော​အ​ယူ​ကို ဆုံး​မ​တတ်၏။

ငါ၏​လူ​တို့​သည် ငါ့​ကို​မေ့​လျော့၍၊ အ​ချည်း​နှီး​သော​အ​ရာ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ရှေး​ကာ​လ​မှ​စ၍ လိုက်​ဖူး​သော လမ်း​တို့၌ လဲ​တတ်​သော​ကြောင့်၊ အ​ခြား​သော​လမ်း၊ မြေ​မ​ဖို့​သော​လမ်း​သို့ လိုက်​ကြ​ပြီ​တ​ကား။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နော​မြို့၌​ရှိ​သော အ​မ္မုန်​ဘု​ရား​နှင့် ဖာ​ရော​ဘု​ရင်​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​သား​ဘု​ရား​များ၊ ရှင်​ဘု​ရင်​များ​တည်း​ဟူ​သော၊ ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော၊ ထို​ဘု​ရင်​ကို ကိုး​စား​သော​သူ​တို့​ကို ငါ​ဆုံး​မ​မည်။

သင်​သည် မိ​မိ​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ​ကို ကိုး​စား​သော​ကြောင့်၊ သူ​တစ်​ပါး​လက်​သို့ ရောက်​ရ​လိမ့်​မည်။ ခေ​မု​ရှ​ဘု​ရား​ကို​လည်း သူ၏​မင်း၊ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် တ​ကွ သိမ်း​သွား​ကြ​လိမ့်​မည်။

လူ​မျိုး​တို့​တွင် သ​တင်း​ကြား​ပြော​ကြ​လော့။ ဝှက်၍​မ​ထား​ဘဲ အ​လံ​ကို​ထူ၍ ကြော်​ငြာ​ကြ​လော့။ ကြား​ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​ကြ​ပြီ။ ဗေ​လ​ဘု​ရား​သည် အ​ရှက်​ကွဲ​ပြီ။ မေ​ရော​ဒပ်​ဘု​ရား​သည် ကျိုး​ပြီ။ ဗာ​ဗု​လုန် ရုပ်​တု​ဆင်း​တု​တို့​သည် အ​ရှက်​ကွဲ၍ ကျိုး​ပဲ့​လျက်​ရှိ​ကြ၏။

သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ရှိ​သော​မြို့​တို့​သည် ပြို​ပျက်၍၊ မြင့်​သော အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ယဇ်​ပ​လ္လင်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်၊ ရုပ်​တု​ဆင်း​တု အ​မျိုး​မျိုး​တို့​သည် ခုတ်​လှဲ​ချိုး​ဖဲ့​ခြင်း​ကို​ခံ​ရ​လျက်၊ သင်​တို့​လုပ်​သော အ​ရာ​တို့​သည် ပျောက်​ပျက်​လျက် ရှိ​ကြ​လိမ့်​မည်။

မု​သား​အ​န​တ္တ​ကို မှီ​ဝဲ​သော​သူ​တို့​သည် မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို စွန့်​ပစ်​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တစ်​ဖက်၌ ကြောက်​မက်​ဖွယ်​ဖြစ်၍၊ လော​ကီ​ဘု​ရား ရှိ​သ​မျှ​တို့​ကို အ​ငတ်​ထား​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ကျွန်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ်၌ ရှိ​ခိုး​ကြ​လိမ့်​မည်။

အ​ချင်း​လူ​တို့၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည် သင်​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ​ဖြစ်​ပါ၏။ သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​တို့​ကို ပယ်​ကြ၍၊ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​ရ​ကြ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ