Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 51:14

Judson Bible

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ သင့်​ကို ကျိုင်း​ကောင်​များ​နှင့် ပြည့်​စေ​သ​ကဲ့​သို့ လူ​များ​နှင့်​ပြည့်​စေ​မည်။ သူ​တို့​သည် သင့်​တစ်​ဖက်၌ ကြွေး​ကြော်​သံ​ကို လွှင့်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​မိန့်​တော်​ရှိ၍ မ​ရေ​တွက်​နိုင်​အောင်၊ အ​ရာ​ဘ​ကျိုင်း​နှင့် ယာ​လက်​ကျိုင်း​တို့​သည်​လာ၍၊

သို့​ဖြစ်၍ အဲ​ဂု​တ္တု​ပြည်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင်၊ ယု​ဒ​လူ​တစ်​ယောက်​မျှ ငါ၏​နာ​မ​ကို​မ​မြွက်​မ​ဆို​ရ​မည်​အ​ကြောင်း၊ ငါ​သည် ကိုယ်​မ​ဟာ​နာ​မ​ကို တိုင်​တည်၍ ကျိန်​ဆို၏။

ထို​တော​သည် အ​လွန်​ရှုပ်​သော်​လည်း၊ သူ​တို့​သည် ကျိုင်း​ကောင်​ထက်​မ​က မ​ရေ​တွက်​နိုင်​အောင်​များ​သော​ကြောင့် ခုတ်​လှဲ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဗော​ဇ​ရ​ပြည်​သည် အံ့​ဩ​ရာ၊ ကဲ့​ရဲ့​ရာ၊ လူ​ဆိတ်​ညံ​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​လိမ့်​မည်။ သူ​တို့၏ မြို့​အ​လုံး​စုံ​သည်​လည်း၊ အ​စဉ် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု၊ ငါ​သည် ကိုယ်​ကို တိုင်​တည်​ကျိန်​ဆို​ပြီး​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြို့​ပတ်​လည်၌ ကြွေး​ကြော်​ကြ​လော့။ သူ​သည်​ဝန်​ချ​ပြီ။ မြို့​ရိုး​နှင့် ပြ​အိုး​တို့​သည် ပြို​လဲ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း အ​မှု​ဖြစ်၍၊ သူ့​ကို​အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​ကြ​လော့။ သူ​သည်​ပြု​ဖူး​သည်​အ​တိုင်း သူ၌​ပြု​ကြ​လော့။

ထို​ပြည်၌ အ​လံ​ကို​ထူ​ကြ​လော့။ အ​ပြည်​ပြည်​တို့၌ တံ​ပိုး​ကို​မှုတ်၍၊ လူ​အ​မျိုး​မျိုး​တို့​ကို သူ၏​တစ်​ဖက်၌ ပြင်​ဆင်​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိ​န္နိ​ပြည်၊ အာ​ရှ​ကေ​နတ်​ပြည်​တို့​ကို သူ၏​တစ်​ဖက်၌ စည်း​ဝေး​စေ​ကြ​လော့။ ဗိုလ်​ချုပ်​မင်း​ကို ခန့်​ထား၍၊ အ​မွေး​ကြမ်း​သော ကျိုင်း​ကောင်​ကဲ့​သို့ မြင်း​စီး​သူ​ရဲ​တို့​ကို စစ်​ချီ​စေ​ကြ​လော့။

အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၏​မာ​န​ကို​ငါ​ရွံ​ရှာ၍ သူ၏​ဘုံ​ဗိ​မာန်​တို့​ကို မုန်း​သော​ကြောင့်၊ မြို့​တော်​နှင့် မြို့၌​ရှိ​သ​မျှ​ကို ငါ​စွန့်​ပစ်​မည်။

ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ၌ က​တိ​ထား​တော်​မူ​သော​အ​ခါ၊ ကိုယ်​တော်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ရန် မ​ရှိ​သော​ကြောင့်၊ ကိုယ်​တော်​ကို တိုင်​တည်၍၊-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ