ယေရမိ 51:1Judson Bibleထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့တစ်ဖက်၌လည်းကောင်း၊ ငါ၏ရန်သူတို့နှင့် ပေါင်းဖော်သော သူတို့ တစ်ဖက်၌လည်းကောင်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေမည်။ အခန်းကိုကြည့်ပါ။ |
လေးသမားတို့ကို ဗာဗုလုန်မြို့သို့ ခေါ်ကြလော့။ ပစ်တတ်သောသူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော့။ မြို့သူမြို့သား တစ်ယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြလော့။ သူပြုဖူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ထာဝရဘုရားတစ်ဖက်၌ ဝါကြွားပြီတကား။