Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 50:9

Judson Bible

အ​ကြောင်း​မူ​ကား၊ မြောက်​မျက်​နှာ​အ​ရပ်၌ ကြီး​စွာ​သော တိုင်း​နိုင်​ငံ​သား​အ​စု​အ​ဝေး​ကို ငါ​နှိုး​ဆော်၍၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​ခဲ့​မည်။ သူ​တို့​သည် မြို့​တစ်​ဖက်၌ တပ်​ခင်း​ကျင်း၍ တိုက်​ယူ​ကြ​လိမ့်​မည်။ သူ​တို့​ပစ်​သော​မြား​တို့​သည် လိ​မ္မာ​သော စစ်​သူ​ရဲ၏​မြား​ကဲ့​သို့​ဖြစ်၍ မ​မှန်​ဘဲ​မ​နေ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​ရဲ​တို့၏​အ​သွေး၊ ခွန်​အား​ကြီး​သော​သူ​တို့၏​ဆီ​ဥ​မှ ယော​န​သန်၏​လေး​သည် နောက်​သို့​မ​လှန်။ ရှော​လု၏​ဓား​တော်​သည် ကိုယ်​ချည်း​ပြန်၍ မ​လာ​တတ်။

ည​အ​ခါ​စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ လူ​တိုင်း မိ​မိ​အ​ပေါ်၌ မိ​မိ​ဓား​ကို မြှောင်​ထား​လျက်​ရှိ၏။

ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။

မြောက်​မျက်​နှာ၌ လူ​တစ်​ယောက်​ကို ငါ​ပေါ်​ထွန်း​စေ၍၊ သူ​သည်​လာ​လိမ့်​မည်။ နေ​ထွက်​ရာ​မှ​လာ၍ ငါ့​နာ​မ​ကို​ပ​တ္ထ​နာ​ပြု​လိမ့်​မည်။ အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို​နင်း​သ​ကဲ့​သို့၊ ထို​သူ​သည် မင်း​တို့​ကို အိုး​မြေ​အ​မှတ်​နှင့် ကျော်​နင်း​လိမ့်​မည်။

သင်​မ​သိ​သော​ပြည်​သို့ ရန်​သူ​နှင့်​အ​တူ သင့်​ကို​ငါ​သွား​စေ​မည်။ သင်​တို့​ကို လောင်​သော​မီး​သည် ငါ့​အ​မျက်​အား​ဖြင့် ရှို့​လျက်​ရှိ၏။

များ​စွာ​သော​လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​ကို စေ​စား​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​သော​အ​ကျင့်၊ သူ​တို့​ကိုယ်​တိုင်​ပြု​သော အ​မှု​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်။

တစ်​ပါး​နှင့်​တစ်​ပါး နီး​သည်​ဖြစ်​စေ၊ ဝေး​သည်​ဖြစ်​စေ၊ မြောက်​ပြည်​မင်း​ရှိ​သ​မျှ​တို့​နှင့်၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ရှိ​သ​မျှ​သော လော​ကီ​နိုင်​ငံ​အ​ပေါင်း​ပါ​ကြ​သ​တည်း။ နောက်​ဆုံး၌ ရှေ​ရှက်​ရှင်​ဘု​ရင် သောက်​ရ​မည်။

ဗာ​ဗု​လုန်​မြို့​ပတ်​လည်၌ တပ်​ခင်း​ကျင်း​ကြ​လော့။ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​သော​ကြောင့်၊ လေး​သ​မား​အ​ပေါင်း​တို့၊ မြား​ကို​မ​နှ​မြော​ဘဲ ပစ်​ကြ​လော့။

ပုန်​ကန်​တတ်​သော​ပြည်၊ ဆုံး​မ​အပ်​သော​ပြည်​သား​တို့​ရှိ​ရာ​သို့ စစ်​ချီ​ကြ​လော့။ သုတ်​သင်​ပယ်​ရှင်း၍ သူ​တို့​အ​မျိုး​အ​နွယ်​ကို အ​ကုန်​အ​စင် ဖျက်​ဆီး​ကြ​လော့။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း​ပြု​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် တိုက်​ကြ​လော့။ စ​ပါး​ကျီ​တို့​ကို ဖွင့်၍၊ စ​ပါး​ပုံ​များ​ကဲ့​သို့​ပုံ​ထား​လျက်၊ အ​လျှင်း​မ​ကြွင်း​စေ​ခြင်း​ငှာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ​လော့။

လေး​သ​မား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ကြ​လော့။ ပစ်​တတ်​သော​သူ​အ​ပေါင်း​တို့၊ မြို့​ပတ်​ဝန်း​ကျင်၌ တပ်​ချ​ကြ​လော့။ မြို့​သူ​မြို့​သား တစ်​ယောက်​ကို​မျှ မ​လွတ်​စေ​နှင့်။ ထို​မြို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ပြစ်​ပေး​ကြ​လော့။ သူ​ပြု​ဖူး​သ​မျှ​အ​တိုင်း သူ၌​ပြု​ကြ​လော့။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​ပြီ​တ​ကား။

လူ​တစ်​မျိုး​သည် မြောက်​မျက်​နှာ​မှ လာ၍ ဗာ​ဗု​လုန်​ပြည်​ကို သုတ်​သင်​ပယ်​ရှင်း​လိမ့်​မည်။ နေ​သော​သူ​မ​ရှိ​ရ။ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​သည် အ​ကုန်​အ​စင် ထွက်​သွား​ကြ​လိမ့်​မည်။

မြား​တို့​ကို ပွတ်​ကြ​လော့။ ဒိုင်း​လွှား​တို့​ကို ကိုင်​စွဲ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မေ​ဒိ​ရှင်​ဘု​ရင်​တို့​ကို နှိုး​ဆော်​တော်​မူ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကို ဖျက်​ဆီး​မည် အ​ကြံ​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို​ဖြေ​ခြင်း၊ ဗိ​မာန်​တော်​ကို ဖျက်​ဆီး​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​ခြင်း​အ​မှု ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ