Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 50:10

Judson Bible

ခါ​လ​ဒဲ​ပြည်​သည် လု​ယူ​ရာ​ဖြစ်၍၊ လု​ယူ​သော​သူ​တို့​သည် ဝ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်၏ သင်္ဘော​ရွက်​ကြိုး​များ ပြုတ်​လျက်​ရှိ၏။ ရွက်​တိုင်​ကို ခိုင်​ခံ့​စွာ​မ​ချည်၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်။ သို့​ဖြစ်၍၊ များ​စွာ​သော​ဥ​စ္စာ​ကို လု​ယူ​ဝေ​ငှ​ရ၏။ ခြေ​ဆွံ့​သော​သူ​ပင် လု​ယူ​ရာ ဥ​စ္စာ​ကို လု​ယူ​ရ၏။

သူ​တစ်​ပါး​တို့​သည် သင်​တို့၏​ဥ​စ္စာ​ကို ကျိုင်း​ကောင် သိမ်း​ယူ​သ​ကဲ့​သို့ သိမ်း​ယူ​ကြ​လိမ့်​မည်။ ကျိုင်း​ကောင်​တို့​သည် လူး​လာ​ပြေး​သ​ကဲ့​သို့၊ သင်​တို့၏ ဥ​စ္စာ​ပေါ်​မှာ လူး​လာ​ပြေး​ကြ​လိမ့်​မည်။

မှောင်​မိုက်၌​ရှိ​သော ဘ​ဏ္ဍာ၊ လုံ​ခြုံ​စွာ ဝှက်​ထား​သော​ဥ​စ္စာ​တို့​ကို သင့်​အား​ငါ​ပေး​မည်။ သို့​ဖြစ်၍၊ ငါ​သည် သင့်​ကို နာ​မည်​ဖြင့်​ခေါ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

သူ၏​နိုင်​ငံ​ဆုံး​ချိန် မ​ရောက်​မီ​တိုင်​အောင်၊ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည် သူ၏​အ​မှု​နှင့် သူ၏​သား​မြေး​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။ ထို​အ​ချိန်​ရောက်​မှ၊ များ​စွာ​သော လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် သူ့​ကို စေ​စား​ကြ​လိမ့်​မည်။

မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် တိုက်​ကြ​လော့။ စ​ပါး​ကျီ​တို့​ကို ဖွင့်၍၊ စ​ပါး​ပုံ​များ​ကဲ့​သို့​ပုံ​ထား​လျက်၊ အ​လျှင်း​မ​ကြွင်း​စေ​ခြင်း​ငှာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ​လော့။

ဓား​ဘေး​သည် မြင်း​များ၊ ရ​ထား​များ၊ မြို့​ထဲ​မှာ နေ​သော​လူ​အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့ အ​ပေါ်​သို့ ရောက်၍၊ သူ​တို့​သည် မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ဓား​ဘေး​သည် မြို့​ဘ​ဏ္ဍာ​အ​ပေါ်​သို့​ရောက်၍၊ ရန်​သူ​တို့​သည် လု​ယူ​ကြ​လိမ့်​မည်။

သို့​ရာ​တွင်၊ ဗာ​ဗု​လုန်​မြို့​သူ၊ ခါ​လ​ဒဲ​ပြည်​သား အ​ပေါင်း​တို့​သည် ဇိ​အုန်​မြို့၌​ပြု​လေ​သ​မျှ​သော ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း၊ ငါ​သည် သင်​တို့​မျက်​မှောက်၌ သူ​တို့​အား အ​ပြစ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဇိ​အုန်​မြို့​သ​မီး​က၊ ငါ၏​ကိုယ်​နှင့် ငါ၏​အ​သား၌​ပြု​သော​အ​ဓ​မ္မ​အ​မှု​သည် ဗာ​ဗု​လုန်​မြို့​အ​ပေါ်​သို့ ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​က​လည်း၊ ငါ၏​အ​သွေး​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​အ​ပေါ်​သို့​ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း ဆို​ရ၏။

ဝိ​ညာဉ်​တော်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ချီ၍ သိမ်း​သွား​သော သူ​တို့​နေ​ရာ၊ ခါ​လ​ဒဲ​ပြည်​သို့ ဆောင်​သွား​တော်​မူ၏။ ငါ​မြင်​ခဲ့​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​လည်း ငါ​နှင့်​ကွာ၍ တက်​သွား၏။

သင်​သည် များ​စွာ​သော​လူ​မျိုး​တို့​ကို လု​ယူ​သော​ကြောင့်၊ ကျန်​ကြွင်း​သော လူ​မျိုး​အ​ပေါင်း​တို့​သည် သင့်​ကို လု​ယူ​ကြ​လိမ့်​မည်။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်၊ ပြည်​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ညှဉ်း​ဆဲ​သော​အ​ပြစ်​ကြောင့် ပြု​ကြ​လိမ့်​မည်။

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ