ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်ကိုရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသော စကားဟူမူကား၊
သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။
တေရသည် သားအာဗြံကိုလည်းကောင်း၊ ခါရန်၏သားဖြစ်သော မြေးလောတကိုလည်းကောင်း၊ သားအာဗြံ၏မယားဖြစ်သော မိမိချွေးမစာရဲကိုလည်းကောင်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှာ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက်သဖြင့်၊ ခါရန်မြို့သို့ရောက်၍နေကြ၏။
သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။
ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌တည်၏။
အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သားတို့ကိုဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလအမျိုးသားကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကိုသိမ်းယူ၍ နေရာကျကြ၏။
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့ မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသောသူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေပြီကား။
အထက်ကမရှိသော ခါလဒဲအမျိုးသားတို့နေသောပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဖို့ တည်ထောင်၏။ ထိုပြည်သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော်များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ်ကြောင့်၊ ငါသည် သူတို့ကိုဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ်အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
သူ၏နိုင်ငံဆုံးချိန် မရောက်မီတိုင်အောင်၊ ဤပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေးအမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာသော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
ယုဒရှင်ဘုရင်ယောယကိမ် နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။
ထိုအခါ အာဗြဟံသည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။-
အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။
ကောင်းကင်တမန်တစ်ပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီဟု လိုက်၍ပြောဆို၏။-