Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 48:8

Judson Bible

လု​ယူ​သော​သူ​သည် မြို့​များ​အ​စဉ်​အ​တိုင်း​ရောက်​လာ၍ မြို့​တစ်​မြို့​မျှ မ​လွတ်​ရ။ ချိုင့်​နှင့်​တ​ကွ လွင်​ပြင်​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​မု​ဆိုး​မ​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့် အ​မျှ​မ​က၊ ငါ့​ရှေ့​မှာ​များ​ပြား​ကြ​လိမ့်​မည်။ မွန်း​တည့်​အ​ချိန်၌ အ​မိ​ကို တိုက်​ဖျက်​သော လု​လင်​ကို​ငါ​ခေါ်​ခဲ့၍၊ ကြောက်​မက်​ဖွယ်​သော​လုပ်​ကြံ​ခြင်း​ကို ချက်​ချင်း​ဖြစ်​စေ​မည်။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ဒိ​ဘုန်​မြို့၌​နေ​သော သ​တို့​သ​မီး၊ သင်​ခံ​စား​ရ​သော စည်း​စိမ်​မှ​ဆင်း၍ အ​ငတ်​ခံ​လျက်​ထိုင်​လော့။ မော​ဘ​ကို လု​ယူ​သော​သူ​သည် သင်​ရှိ​ရာ​သို့​လာ၍၊ သင်၏​ရဲ​တိုက်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။

ဗာ​ဗု​လုန်​မြို့​ကို တိုက်​ဖျက်​လု​ယူ​သော​သူ​သည် ရောက်​လျှင်၊ မြို့​သား​စစ်​သူ​ရဲ​တို့​သည် ရန်​သူ​တို့​လက်​သို့ ရောက်၍၊ သူ​တို့​စွဲ​ကိုင်​သော လေး​ရှိ​သ​မျှ​တို့​သည် ကျိုး​ကြ၏။ အ​ကျိုး​အ​ပြစ်​ကို ပေး​တတ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆက်​ဆက်​ပေး​တော်​မူ​ပြီ။

အို ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း၍ ပြာ၌​လူး​လည်း​လော့။ တစ်​ယောက်​တည်း​သော​သား​သေ​သည်​ကို ငို​ကြွေး​သ​ကဲ့​သို့၊ ငို​ကြွေး၍ ပြင်း​စွာ​မြည်​တမ်း​လော့။ လု​ယူ​ဖျက်​ဆီး​သော​သူ​သည် ငါ​တို့​ကို ချက်​ချင်း​တိုက်​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​နံ​ပါး၊ ပြည်​စွန်း​နား​မှာ နိုင်​ငံ၏​ဘုန်း​ဖြစ်​သော ဗက်​ယေ​ရှိ​မုတ်​မြို့၊ ဗာ​လ​မောင်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​တို့​ကို ငါ​လှန်​ထား​မည်။

ဟေ​ရှ​ဘုန်​မြို့​နှင့်​တ​ကွ လွင်​ပြင်၌ ရှိ​သ​မျှ​သော​မြို့၊ ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊

လွင်​ပြင်၌​ရှိ​သ​မျှ​သော မြို့​တို့​နှင့်​တ​ကွ၊ ဟေ​ရှ​ဘုန်​မြို့၌​မင်း​ပြု​ရ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်၏​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို ပေး​သ​တည်း။ ထို​ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ထို​ရှင်​ဘု​ရင်​ချီး​မြှောက်၍ သူ့​ပြည်၌​နေ​သော​မိ​ဒျန်​မင်း​ကြီး​ငါး​ပါး၊ ဧ​ဝိ၊ ရေ​ကင်၊ ဇု​ရ၊ ဟု​ရ၊ ရေ​ဘ​တို့​ကို​လည်း​ကောင်း မော​ရှေ​သည် လုပ်​ကြံ​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ