ယေရမိ 48:47Judson Bibleသို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘအမျိုးသားတို့ကို နောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရသောအပြစ်တရားပေတည်း။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်များကွဲပြားသော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖို့ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြလိမ့်သတည်း။
ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ်ရသောအခွင့် ရှိလိမ့်မည်။ ဓားဘေးနှင့်လွတ်၍ လူအမျိုးမျိုးထဲက နုတ်သောပြည်သား၊ ကြာမြင့်စွာ ဆိတ်ညံလျက်နေသော ဣသရေလတောင်တို့အပေါ်သို့၊ တစ်ဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ၌ သင်သည် စစ်ချီ၍လာလိမ့်မည်။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နုတ်ဆောင်သောသူဖြစ်၍၊ တစ်ပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ၊
အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွားကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ကိုယ်လက်နှင့် လုပ်ဆောင်သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိပေးလေ၏။