Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 48:42

Judson Bible

မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့်၊ နောက်​တစ်​ဖန် ပြည်​မ​ဖြစ်​နိုင်​အောင် ပျက်​စီး​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မာ​န​သည် ပျက်​စီး​ခြင်း​အ​ရင်၊ ထောင်​လွှား​သော​သ​ဘော​သည် ရှုတ်​ချ​ခြင်း​အ​ရင်၌ နေ​ရာ​ကျ​တတ်၏။

ယ​ခု​တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ သုံး​နှစ်​လွန်​မှ၊ မော​ဘ​ပြည်၏ ဘုန်း​အ​သ​ရေ​သည် မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှုတ်​ချ​ခြင်း​သို့​ရောက်​ရ​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​လွန်​နည်း၍၊ ခွန်​အား​ကုန်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။

ရှု​ရိ​ပြည်၏​ခေါင်း​ကား၊ ဒ​မာ​သက်​မြို့။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။

မော​ဘ​ပြည်​သည် နောက်​တစ်​ဖန် ဟေ​ရှ​ဘုန်​မြို့၌ မ​ဝါ​ကြွား​ရ။ ရန်​သူ​တို့​က၊ မော​ဘ​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ ပယ်​ရှား​ကြ​ကုန်​အံ့​ဟု၊ ရန်​ပြု​မည့်​အ​ကြံ​နှင့် ကြံ​စည်​ကြ၏။ အို မာ​ဒ​မေ​န​မြို့၊ သင်​သည်​လည်း​ပျက်​စီး​ရ​မည်။ ဓား​ဘေး​သည် သင့်​ကို​လိုက်​လိမ့်​မည်။

ထို​သို့​သင်​သည် ငါ့​တစ်​ဖက်၌​ဝါ​ကြွား၍ ပြော​မိ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို ငါ​ကြား​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။-

ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။

ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​စ​ကား​အား​ဖြင့် နာ​မ​တော်​နှင့် တဲ​တော်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​သား​တို့​ကို​လည်း​ကောင်း၊ ပြစ်​မှား​ခြင်း​ငှာ နှုတ်​ကို​ဖွင့်​ထား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ