Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 48:32

Judson Bible

အို စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သည်​ထက်၊ သင့်​အ​တွက် ငါ​သည် မျက်​ရည်​ကျ​မည်။ သင်၏​အ​ညွန့်​တို့​သည် ပင်​လယ်​ကို​လွန်၍၊ ယာ​ဇာ​ပင်​လယ်​တိုင်​အောင် ရောက်​ကြ၏။ ဖျက်​ဆီး​သော​သူ​သည် သင်၏​သစ်​သီး​နှင့် စ​ပျစ်​သီး​တို့​ကို လု​ယူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​မူ​ကား၊ လာ​လ​တ္တံ့​သော ခါ​လ​ဒဲ​လူ​တို့​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မိ​ဇ​ပါ​မြို့​မှာ​နေ​မည်။ သင်​တို့​မူ​ကား၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ နွေ​ကာ​လ​အ​သီး​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​သိမ်း၍ အိုး၌​သို​ထား​ကြ​လော့။ ယ​ခု​ဝင်​ပြန်​သော​မြို့​ရွာ​တို့၌ နေ​ကြ​လော့​ဟူ၍၊ ထို​သူ​တို့​အား သ​စ္စာ​ပြု​လေ၏။

မော​ဘ​ပြည်​သည် ပျက်​စီး​ပြီ။ မြို့​တို့​သည် ကျွမ်း​လောင်​ကြ​ပြီ။ သူ​ရွေး​ချယ်​သော လု​လင်​တို့​သည် ကွပ်​မျက်​ခြင်း​ကို ခံ​အံ့​သော​ငှာ ဆင်း​သွား​ကြ​ပြီ​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ရှင်​ဘု​ရင် မိန့်​တော်​မူ၏။

ဒိ​ဘုန်​မြို့၌​နေ​သော သ​တို့​သ​မီး၊ သင်​ခံ​စား​ရ​သော စည်း​စိမ်​မှ​ဆင်း၍ အ​ငတ်​ခံ​လျက်​ထိုင်​လော့။ မော​ဘ​ကို လု​ယူ​သော​သူ​သည် သင်​ရှိ​ရာ​သို့​လာ၍၊ သင်၏​ရဲ​တိုက်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။

လု​ယူ​သော​သူ​သည် မြို့​များ​အ​စဉ်​အ​တိုင်း​ရောက်​လာ၍ မြို့​တစ်​မြို့​မျှ မ​လွတ်​ရ။ ချိုင့်​နှင့်​တ​ကွ လွင်​ပြင်​သည်​လည်း၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

မော​ရှေ​သည်​လည်း၊ ယာ​ဇာ​မြို့​ကို​စူး​စမ်း​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပြီး​လျှင်၊ ထို​မြို့​ရွာ​တို့​ကို​သိမ်း​ယူ၍ အ​ရင်​နေ​သော အာ​မော​ရိ​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ကြ၏။

ရု​ဗင်​အ​မျိုး​သား​နှင့် ဂဒ်​အ​မျိုး​သား​တို့​သည် အ​လွန်​များ​ပြား​သော တိ​ရ​စ္ဆာန်​တို့​နှင့် ကြွယ်​ဝ​သည်​ဖြစ်၍၊ ယာ​ဇာ​ပြည်၊ ဂိ​လဒ်​ပြည်​တို့၌ တိ​ရ​စ္ဆာန်​ကျက်​စား​စ​ရာ​ဖို့ ကောင်း​သည်​ကို​မြင်​ကြ​လျှင်၊

အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊

အာ​တ​ရုတ်၊ ရှော​ဖန်၊ ယာ​ဇာ၊ ယု​မ္ဘေ​ဟ၊

နေ​ဗော၊ ဗာ​လ​မော​န၊ ရှိ​ဗ​မ​မြို့​များ​ကို အ​သစ်​သော​အ​မည်​ဖြင့်​သ​မုတ်၍ တည်​ကြ၏။

ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​တွင်​တောင်​ပေါ်​မှာ​ရှိ​သော ဇာ​ရက်​ရှာ​ဟာ​မြို့၊

ယာ​ဇာ​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ ရ​ဗ္ဗာ​မြို့​ရှေ့၌​ရှိ​သော အာ​ရော်​မြို့​တိုင်​အောင် အ​မ္မုန်​ပြည်​တစ်​ဝက်၊

ဟေ​ရှ​ဘုန်​မြို့​နှင့် မြို့​နယ်၊ ယာ​ဇာ​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း​ပေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ