Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 48:31

Judson Bible

ထို​ကြောင့်၊ မော​ဘ​အ​တွက် ငါ​သည်​ညည်း​တွား​မြည်​တမ်း​မည်။ မော​ဘ​ပြည် တစ်​ပြည်​လုံး​အ​တွက် ငို​ကြွေး​မည်။ ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ညည်း​တွား​ခြင်း ရှိ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

4 ပူးပေါင်းရင်းမြစ်များ  

မြို့​တို့​ကို​ဖြို​ဖျက်​ကြ၏။ ကောင်း​သော​မြေ​ကွက်​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​ပစ်​ချ၍ ဖုံး​လွှမ်း​ကြ၏။ ရေ​တွင်း​ရှိ​သ​မျှ​တို့​ကို​လည်း မြေ​ဖို့၍၊ အ​သုံး​ဝင်​သော​သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ​ကြ၏။ ကိ​ရ​ဟ​ရက်​မြို့၌​သာ မြို့​ရိုး​ကို​ချန်​ထား​ရာ​တွင်၊ လောက်​လွှဲ​သ​မား​တို့​သည် ဝိုင်း၍​ပစ်​ကြ၏။

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

ထို​ကြောင့်၊ ငါ​နှ​လုံး​သည် မော​ဘ​ပြည်​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ ငါ့​နှ​လုံး​သည် ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ပု​လွေ​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ သူ​တို့​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ ပျက်​စီး​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ