Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 48:3

Judson Bible

ဟော​ရ​နိမ်​မြို့၌​လည်း ညှဉ်း​ဆဲ​ခြင်း​နှင့် ပြင်း​စွာ​သော ပျက်​စီး​ခြင်း​ရှိ၍၊ အော်​ဟစ်​သော​အ​သံ​ကို ကြား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

ငို​ကြွေး​သော​အ​သံ​သည် မော​ဘ​ပြည်​ကို နှံ့​ပြား​လေ၏။ ညည်း​တွား​မြည်​တမ်း​သော အ​သံ​သည် ဧ​ဂ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဗေ​ရ​ဧ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း ရောက်​လေ၏။

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ငါ့​ကို​မ​ကြည့်​ပါ​နှင့်။ ပြင်း​စွာ ငို​ရ​မည်။ ငါ့​အ​မျိုး​သ​တို့​သ​မီး​ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​စိတ်​ပြေ​စေ​ခြင်း​ငှာ မ​ကြိုး​စား​ပါ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​မ​ရ၊ ဖျက်​ဆီး​တော်​မူ​သော​မြို့​တို့​ကဲ့​သို့၊ ထို​သူ​သည်​ဖြစ်​ပါ​စေ​သော။ နံ​နက်​အ​ချိန်၌ ကြွေး​ကြော်​သံ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ အော်​ဟစ်​သံ​ကို​လည်း​ကောင်း ကြား​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြောက်​မျက်​နှာ​ဘက်​က ရေ​သည်​ထ၍ လွှမ်း​မိုး​သော​ပင်​လယ်​ဖြစ်​လျက်၊ တစ်​ပြည်​လုံး​နှင့်၊ ပြည်၌ ပါ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့် မြို့၌​နေ​သော သူ​တို့​ကို​လည်း​ကောင်း​လွှမ်း​မိုး၍၊ သူ​တို့​သည် အော်​ဟစ်​ကြ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။

ဟေ​ရှ​ဘုန်​မြို့ ငို​ကြွေး​သံ​မှ​စ၍ ဧ​လာ​လေ​မြို့၊ ယာ​ဟတ်​မြို့ တိုင်​အောင်​လည်း​ကောင်း၊ ဇော​ရ​မြို့​မှ​စ၍ ဟော​ရ​နိမ်​မြို့ တိုင်​အောင်​လည်း​ကောင်း သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​မြည်​သံ​ကဲ့​သို့ အ​သံ​ကို လွှင့်​ကြ၏။ အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ် ရေ​ကန်​တို့​သည်​လည်း ဆိတ်​ညံ​လျက်​ရှိ​ကြ၏။

မော​ဘ​ပြည်​သည် ပျက်​စီး​ခြင်း​သို့​ရောက်၍၊ သူ​ငယ်​တို့​သည် မြည်​တမ်း​သော​အ​သံ​ကို ပြု​ကြ၏။

ငို​ကြွေး​သော​အ​သံ​သည် လု​ဟိတ်​တောင်​ပေါ်​သို့ တက်​ရ၏။ ဟော​ရ​နိမ်​မြို့​သို့ ဆင်း​ရာ​အ​ရပ်၌​လည်း၊ ဆုံး​ရှုံး​ခြင်း​အ​သံ​ကို ရန်​သူ​တို့​သည် ကြား​ရ​ကြ၏။

ဗာ​ဗု​လုန်​မြို့​မှ ငို​ကြွေး​သံ​ကို​လည်း​ကောင်း၊ ခါ​လ​ဒဲ​ပြည်​မှာ ပြင်း​စွာ​သော ပျက်​စီး​သံ​ကို​လည်း​ကောင်း ကြား​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ