Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 48:2

Judson Bible

မော​ဘ​ပြည်​သည် နောက်​တစ်​ဖန် ဟေ​ရှ​ဘုန်​မြို့၌ မ​ဝါ​ကြွား​ရ။ ရန်​သူ​တို့​က၊ မော​ဘ​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ ပယ်​ရှား​ကြ​ကုန်​အံ့​ဟု၊ ရန်​ပြု​မည့်​အ​ကြံ​နှင့် ကြံ​စည်​ကြ၏။ အို မာ​ဒ​မေ​န​မြို့၊ သင်​သည်​လည်း​ပျက်​စီး​ရ​မည်။ ဓား​ဘေး​သည် သင့်​ကို​လိုက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မော​ဘ​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည်​အာ​ရ​မြို့​သည် ပျက်​စီး၏။ လုပ်​ကြံ​သော​ည​အ​ခါ၊ မော​ဘ​ပြည် ကိ​ရ​မြို့​သည် ပျက်​စီး၏။

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

ယ​ခု​တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ သုံး​နှစ်​လွန်​မှ၊ မော​ဘ​ပြည်၏ ဘုန်း​အ​သ​ရေ​သည် မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှုတ်​ချ​ခြင်း​သို့​ရောက်​ရ​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​လွန်​နည်း၍၊ ခွန်​အား​ကုန်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဤ​တောင်​ပေါ်​မှာ​ငြိမ်း​လိမ့်​မည်။ ကောက်​ရိုး​သည် နောက်​ချေး​ရွှံ့​ဗွက်၌ နှိပ်​နင်း​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊ မော​ဘ​ပြည်​သည် မိ​မိ၌​နှိပ်​နင်း​တော်​မူ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​မျက်​တော်​စ​ပျစ်​ရည်​ဖ​လား​ကို ငါ့​လက်​မှ ခံ​ယူ​လော့။ ငါ​သည် သင့်​ကို​စေ​လွှတ်​သော လူ​မျိုး​အ​ပေါင်း​တို့​ကို​သောက်​စေ​လော့။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​မှ ထို​ဖ​လား​ကို​ခံ​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို သောက်​စေ၏။

ထို​တ​ရား​တို့​သည် ငါ့​ရှေ့​မှာ​ကွယ်​ပျောက်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ရှေ့​မှာ အ​မျိုး​တိမ်​မြုပ်၍ အ​စဉ် ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​သော လူ​မျိုး​နှစ်​မျိုး​ကို တစ်​ဖန်​ပယ်​တော်​မူ​ပြီ​ဟု ဤ​လူ​တို့​ပြော​တတ်​သော စ​ကား​ကို သင်​သည်​ဆင်​ခြင်​ပြီ​လော။ ထို​သို့​သူ​တို့​သည် ငါ၏​လူ​မျိုး​ကို လူ​မျိုး​ကဲ့​သို့​မ​မှတ်၊ မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

ငါ့​ကျွန်​ယာ​ကုပ် မ​ကြောက်​နှင့်။ သင်​နှင့်​အ​တူ ငါ​ရှိ၏။ သင့်​ကို ငါ​နှင်​ထုတ်​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ​သည်​ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ ရှင်း​ရှင်း​အ​ပြစ်​မ​လွှတ်​ဘဲ အ​တော်​အ​တန်​ဆုံး​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ့​ပတ်​လည်၌​နေ​သော သူ​အ​ပေါင်း​တို့၊ သူ့​အ​တွက် မြည်​တမ်း​ကြ​လော့။ သူ၏​နာ​မ​ကို သိ​သော​သူ​အ​ပေါင်း​တို့၊ တန်​ခိုး​ကြီး​သော​လှံ​တံ၊ အ​သ​ရေ​တင့်​တယ်​သော​တံ​ဖျာ​သည် ကျိုး​လေ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ​လော့။

မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့်၊ နောက်​တစ်​ဖန် ပြည်​မ​ဖြစ်​နိုင်​အောင် ပျက်​စီး​ရ​လိမ့်​မည်။

ပြေး​သော​သူ​တို့​သည် အား​ကုန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​မြို့​အ​ရိပ်​ကို ခို​ကြ​သော်​လည်း၊ ရှိ​ဟုန်​ဘု​ရင် နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်​သ​ဖြင့်၊ မာ​န​ထောင်​လွှား​သော​သူ​တို့၏​အ​ထွတ်​မှ​စ၍ မော​ဘ​ပြည်​စွန်း​တိုင်​အောင် လောင်​လိမ့်​မည်။

အို ဟေ​ရှ​ဘုန်​မြို့၊ ညည်း​တွား​မြည်​တမ်း​လော့။ အာ​ဣ​မြို့​ပျက်​စီး​ပြီ။ အို ရ​ဗ္ဗာ​မြို့​သ​မီး​တို့၊ ငို​ကြွေး​ကြ​လော့။ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ မြည်​တမ်း​လျက်၊ ခြံ​နား​မှာ တောင်​မြောက်​ပြေး​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​လ​ကုံ​ဘု​ရား​သည် သူ၏​ယဇ်​ပု​ရော​ဟိတ်၊ သူ၏​မင်း​များ​နှင့်​တ​ကွ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၏။

ဧ​လံ​ပြည်​သား​တို့​ကို ရန်​သူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ သူ​တို့​အ​သက်​ကို​ရှာ​သော လူ​တို့​ရှေ့​မှာ​လည်း​ကောင်း၊ ငါ​ကြောက်​လန့်​စေ၍၊ ပြင်း​စွာ​သော ငါ၏​အ​မျက်​တည်း​ဟူ​သော​ဘေး​ဥ​ပဒ်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သူ​တို့​နောက်​သို့ ဓား​ကို လွှတ်​လိုက်​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ရု​ဗင်​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ကိ​ရ​ယ​သိမ်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ