သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက် မြည်တမ်းကြလော့။ သူ၏နာမကို သိသောသူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ်သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြလော့။
ထာဝရဘုရားသည် အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။
အာရှုရိလူသည် အမင်္ဂလာရှိ၏။ ငါ့အမျက်၏လှံတံဖြစ်၏။ သူကိုင်သောတောင်ဝှေးသည် ငါဒဏ်ပေးစရာဖို့ ဖြစ်၏။
ထိုသို့ အစိုးရသောသူတို့၏ ရာဇလှံတံကိုလည်းကောင်း၊ ထာဝရဘုရားချိုးတော်မူပြီ။
ဟေရှဘုန်လယ်ပြင်တို့သည် သွေ့ခြောက်ကြ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တစ်ပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင်ရောက်၍၊ တော၌လည်တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ်ကိုလွန်ကြ၏။
အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။
သူတို့ကလည်း၊ မောဘပြည် ပြိုပျက်လေပြီတကား၊ ရှက်၍ ဆုတ်သွားလေပြီတကားဟု ညည်းတွားမြည်တမ်း ကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်း ဖြစ်ရလိမ့်မည်။