Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 48:14

Judson Bible

ငါ​တို့​သည် အား​ကြီး​သော​သူ၊ စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ ဖြစ်​ကြ၏​ဟု၊ သင်​တို့​သည် အ​ဘယ်​သို့ ပြော​ဆို​ကြ​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​တို့​သည် သ​ဘော​ဖြောင့်​သော သူ​တို့​ကို မ​ထင်​မ​ရှား​ပစ်​အံ့​သော​ငှာ လေး​ကို​တင်၍၊ လေး​ညှို့​ပေါ်​မှာ မြား​ကို​ပြင်​ကြ၏။ အမှီ​တံ​ကဲ​တို့​သည် ပျက်​လျှင် ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ငါ့​ဝိ​ညာဉ်​အား သင်​သည်​ငှက်​သ​ကဲ့​သို့ ကိုယ်​နေ​ရာ​တောင်​ပေါ်​သို့ ပြေး​ချေ​ဟု အ​ဘယ်​ကြောင့် ပြော​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ရှင်​ဘု​ရင်​မည်​သည်​ကား၊ များ​စွာ​သော အ​လုံး​အ​ရင်း​အား​ဖြင့် ချမ်း​သာ​မ​ရ။ သူ​ရဲ​သည်​လည်း ခွန်​အား​ကြီး​သော​အား​ဖြင့် ကယ်​လွှတ်​ခြင်း​သို့​မ​ရောက်။

တစ်​ဖန် နေ​အောက်​မှာ​ရှိ​သော အ​မှု​အ​ရာ​တို့​ကို ငါ​ပြန်၍​ကြည့်​ရှု​သော​အ​ခါ၊ လျင်​မြန်​သော​သူ​သည် ပြိုင်၍​ပြေး​သော်​လည်း မ​နိုင်​တတ်။ ခွန်​အား​ကြီး​သော​သူ​သည် စစ်​တိုက်၍ မ​အောင်​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် ဝ​စွာ​မ​စား​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည် စည်း​စိမ်​ကို​မ​ရ​တတ်။ လိ​မ္မာ​သော​သူ​သည် သူ​တစ်​ပါး​ရှေ့၌ မျက်​နှာ​မ​ရ​တတ်။ ခပ်​သိမ်း​သော​သူ​တို့၌ ကာ​လ​အ​ချိန်​စေ့​ခြင်း၊ အ​ဆင်​သင့်​ခြင်း​ရှိ​သည်​အ​တိုင်း ဖြစ်​တတ်​သည်​ကို ငါ​မြင်၏။

ထို​မင်း​က၊ ငါ​သည် ကိုယ်​လက်​ရုံး​သ​တ္တိ​နှင့် ကိုယ်​ဉာဏ်​အား​ဖြင့် ငါ​တတ်​နိုင်၏။ ပ​ညာ​သ​တိ​နှင့် ငါ​ပြည့်​စုံ၏။ လူ​မျိုး​နေ​ရာ အ​ပိုင်း​အ​ခြား​တို့​ကို ငါ​ရွှေ့​ပြီ။ သူ​တို့၏​ဘ​ဏ္ဍာ​ကို​လု​ယူ​ပြီ။ ဘု​ရင်​တို့​ကို သူ​ရဲ​ကဲ့​သို့​နှိမ့်​ချ​ပြီ။

ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း၏​ဆူ​ဝ​သော​သူ​တို့၌ ပိန်​ကျုံ​ခြင်း​ကို သွင်း​ပေး​တော်​မူ​မည်။ သူ၏​ဘုန်း​အောက်၌​လည်း မီး​လောင်​သ​ကဲ့​သို့ လောင်​စေ​ခြင်း​ငှာ ရှို့​တော်​မူ​မည်။

မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။

ကျောက်​ကြား​တို့၌​နေ၍ တောင်​ထိပ်​ကို ခို​လှုံ​သော​သူ​ဖြစ်​သော​ကြောင့်၊ သင်၏​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ၊ သင်၏​မာ​န​သည် သင့်​ကို​လှည့်​စား​ပြီ။ သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ငါ​တို့​သည် ပ​ညာ​ရှိ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည် ငါ​တို့၌​ရှိ၏​ဟု သင်​တို့​သည် အ​ဘယ်​သို့ ဆို​ရ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် စာ​ရေး​တို့၏ မု​သား​မင်​တံ​သည် မု​သား​တ​ရား​ကို လုပ်​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။

အဲ​ဂု​တ္တု​ပြည်​ကို ထောက်​မ​သော​သူ​တို့​သည် လဲ၍​သေ​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​အ​စွမ်း​သ​တ္တိ၏ ဂုဏ်​အ​သ​ရေ​သည် ဆုံး​လိမ့်​မည်။ မိ​ဂ​ဒေါ​လ​မြို့​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သူ​တို့​သည် မာ​န​ကြီး​သော​သူ​ဖြစ်၍၊ ကဲ့​ရဲ့​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ လူ​မျိုး​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် ထို​သို့​သော အ​ပြစ်​ကို ခံ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ