Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 45:2

Judson Bible

အို​ဗာ​ရုတ်၊ သင်​က၊ ငါ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ဝမ်း​နည်း​စ​ရာ​အ​ကြောင်း တစ်​ပါး​အ​ပေါ်​မှာ တစ်​ပါး​ကို ထပ်​ဆင့်​တော်​မူ​သော​ကြောင့်၊ ငါ​သည် သက်​သာ​မ​ရ။ ညည်း​တွား၍ စိတ်​ပျက်​ပါ​ပြီ​ဟု​ဆို​သည်​ဖြစ်၍၊ သင်​သည် ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ဆောက်​သော​အ​ရာ​ကို ငါ​ဖြို​ဖျက်​မည်။ ငါ​စိုက်​သော​အ​ရာ​တည်း​ဟူ​သော ဤ​ပြည်​ကို အ​ကြွင်း​မဲ့​ငါ​နုတ်​ပစ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ်​လက်​ထက်၊ နေ​ရိ​သား​ဗာ​ရုတ်​သည်၊ ယေ​ရ​မိ​မြွက်​ဆို​သည်​အ​တိုင်း၊ စ​ကား​တော်​များ​ကို စာ၌ ရေး​ထား​သော​နောက်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ဗာ​ရုတ်​အား​ဆင့်​ဆို​ရ​သော နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊

သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​ကြောင်း​ကို၊ ပေ​တ​ရု​မှ​စ၍ တ​ပည့်​တော်​တို့​အား သွား၍​ပြော​ကြ​လော့။ အ​ထက်​က မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-

သို့​သော်​လည်း နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို သက်​သာ​စေ​တော်​မူ​တတ်​သော ဘု​ရား​သ​ခင်​သည်၊ တိ​တု​ရောက်​လာ​သော​အား​ဖြင့် ငါ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-

ထို​သို့ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ကိုယ်​တော်​တိုင်​ခံ၍ ဒု​က္ခ​ဆင်း​ရဲ​ခြင်း၌ ကျင်​လည်​သော​ကြောင့်၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မှု​နှင့် တွေ့​ကြုံ​သော​သူ​တို့​ကို မ​စ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ