Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 43:7

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တာ​ပ​နက်​မြို့​သို့ ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ တပ်​မှူး​များ​နှင့် ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို ကြောက်​သော​ကြောင့် ထ၍ အဲ​ဂု​တ္တု​ပြည်​သို့​သွား​ကြ၏။

ရှင်​ဘု​ရင်​က၊ သင်​သည် တိုင်​ပင်​မှူး​မတ် ဖြစ်​သ​လော။ တိတ်​ဆိတ်​စွာ​နေ​လော့။ အ​ဘယ်​ကြောင့် ရာ​ဇ​ဝတ်​ခံ​ချင်​သ​နည်း​ဟု ဆို​သော်၊ ပ​ရော​ဖက်​က၊ မင်း​ကြီး​သည် ငါ​ပေး​သော​သ​တိ​စ​ကား​ကို နား​မ​ထောင်၊ ဤ​အ​မှု​ကို ပြု​မိ​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် မင်း​ကြီး​ကို​ဖျက်​ဆီး​မည် ကြံ​တော်​မူ​သည်​ကို ငါ​သိ​မြင်​သည်​ဟု ပြော​ဆို​ပြီး​လျှင် တိတ်​ဆိတ်​စွာ​နေ​လေ၏။

ဖာ​ရော​ဘု​ရင်၏​ဘုန်း​ကို​အ​မှီ​ပြု၍၊ အဲ​ဂု​တ္တု​အ​ရိပ်​ကို ခို​လှုံ​ခြင်း​ငှာ၊ ငါ့​နှုတ်​ထွက်​ကို အ​ခွင့်​မ​ပန်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​အောင် သွား​ကြ၏။

သူ​တို့​မင်း​တို့​သည် ဇော​န​မြို့၌ ရှိ​ကြ​ပြီ။ သံ​တ​မန်​တို့​သည် ဟာ​နက်​မြို့​သို့ ရောက်​ကြ​ပြီ။

နော​ဖ​မြို့​သား​နှင့် တာ​ပ​နက်​မြို့​သား​တို့​သည် သင်၏​ဦး​ထိပ်​ကို စား​ကြ​ပြီ။

ခါ​လ​ဒဲ​လူ​တို့​ကြောင့် အဲ​ဂု​တ္တု​ပြည်​သို့ ပြောင်း​မည်​အ​ကြံ​ရှိ​လျက်၊ ဗက်​လင်​မြို့​နှင့်​နီး​သော ခိ​မ​ဟံ​ရွာ​သို့ သွား၍​နေ​ကြ၏။

ငါ​သည်​သင်​တို့​အား ယ​နေ့​ကြား​ပြော၏။ သင်​တို့​မူ​ကား၊ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ငါ့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။

အဲ​ဂု​တ္တု​ပြည်၊ မိ​ဂ​ဒေါ​လ​မြို့၊ တာ​ပ​နက်​မြို့၊ နော​ဖ​မြို့၊ ပါ​သ​ရု​အ​ရပ်၌​နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ရည်​မှတ်၍ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

တစ်​ဖန် မိန်း​မ​အ​ပေါင်း​တို့​နှင့် လူ​ခပ်​သိမ်း​တို့​အား ယေ​ရ​မိ​ဟော​ပြော​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။

သင့်​ပတ်​လည်၌ နေ​သော​သူ​တို့​ကို ဓား​တော်​သည် ကိုက်​စား​ပြီ။ ကိုယ်​ကို​ပြင်​ဆင်၍ မြဲ​မြံ​စွာ နေ​လော့​ဟု အဲ​ဂု​တ္တု​ပြည်၌ ကြွေး​ကြော်​ကြ​လော့။ မိ​ဂ​ဒေါ​လ​မြို့၌ သ​တင်း​ကြား​ကြ​လော့။ နော​ဖ​မြို့၊ တာ​ပ​နက်​မြို့၌​လည်း ကြား​ပြော​ကြ​လော့။

တာ​ပ​နက်​မြို့၌ အဲ​ဂု​တ္တု​လှံ​တံ​တို့​ကို ငါ​ချိုး၍၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ဆုံး​သော​အ​ခါ နေ့​အ​ချိန်၌ အ​လင်း​ကွယ်​လိမ့်​မည်။ မိုး​အုံ့၍ မြို့​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ