ယေရမိ 43:5Judson Bibleအတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှာ၊ အခန်းကိုကြည့်ပါ။ |
ငါမူကား၊ လာလတ္တံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှာ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကိုလည်းကောင်း၊ နွေကာလအသီးကိုလည်းကောင်း၊ ဆီကိုလည်းကောင်းသိမ်း၍ အိုး၌သိုထားကြလော့။ ယခုဝင်ပြန်သောမြို့ရွာတို့၌ နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။
ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တစ်ဖက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကိုလက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရားရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။