Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 43:12

Judson Bible

အဲ​ဂု​တ္တု​ဘု​ရား​အိမ်​တို့​ကို ငါ​မီး​ရှို့​မည်။ သူ​သည်​လည်း၊ ထို​ဘု​ရား​တို့​ကို​မီး​ရှို့၍ သိမ်း​သွား​ချုပ်​ထား​လိမ့်​မည်။ သိုး​ထိန်း​သည် မိ​မိ​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ထို​မင်း​သည် အဲ​ဂု​တ္တု​ပြည်​ကို ဝတ်၍ ငြိမ်​ဝပ်​စွာ ထွက်​သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်၌ ဖိ​လိ​တ္တိ​လူ​များ​ပစ်​ထား​သော ရုပ်​တု​များ​ကို၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

ထို​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို ဘုန်း​ကြီး​သော မှူး​တော်​မတ်​တော်​တစ်​ပါး၌ အပ်​ပြီး​မှ၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​သော​သူ​ကို ထို​အ​ဝတ် တန်​ဆာ​တော်​နှင့် ဝတ်​ဆင်​စေ၍၊ မြင်း​တော်​ကို စီး​စေ​ပြီး​လျှင်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက်၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​လေ၏။

ထူး​ဆန်း​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဝတ်​ဆောင်​လော့။ တင့်​တယ်​သော​ဂုဏ်​အ​သ​ရေ​နှင့် တန်​ဆာ​ဆင်​လော့။

အ​ဝတ်​နှင့်​ခြုံ​သ​ကဲ့​သို့၊ အ​လင်း​နှင့် ကိုယ်​တော်​ကို​ခြုံ​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်​တော်​မူ​ထ​သော၊

သူ၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ကယ်​တင်​ခြင်း​တန်​ဆာ​ကို ဆင်​စေ​သ​ဖြင့်၊ သူ၌​သန့်​ရှင်း​သူ​တို့​သည် ရွှင်​လန်း​သော​သီ​ချင်း​ကို ရွှင်​လန်း​စွာ ဆို​ရ​ကြ​လိမ့်​မည်။

ထို​အ​ရှင်၏​ရန်​သူ​များ​ကို ရှက်​ကြောက်​ခြင်း​နှင့် ငါ​ဖုံး​လွှမ်း​မည်။ သူ၏​ဦး​ရစ်​သ​ရ​ဖူ​သည် ဘုန်း​ပွင့်​လျက်​ရှိ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။

အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။

ယ​ခု​မှာ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​စီး​သူ​ရဲ​တပ်​ကို​မြင်​ပါ​သည်​ဟု ခြင်္သေ့​ကဲ့​သို့ ကြွေး​ကြော်၏။ သူ​က​လည်း၊ ဗာ​ဗု​လုန်​မြို့ ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ၊ သူ၏​ဘု​ရား​ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​သည် မြေ​ပေါ်​မှာ ကျိုး​ပဲ့​လျက် ရှိ​ကြ​ပါ​သည်​ဟု ထပ်၍​ဆို​လေ၏။

ဗေ​လ​သည် ကျ​ပြီ။ နေ​ဗော​သည်​ကျိုး​ပဲ့​ပြီ။ သူ​တို့ ရုပ်​တု​တို့​သည် အ​ခြေ​လေး​ချောင်း​ရှိ​သော သား​တိ​ရ​စ္ဆာန်​တို့ အ​ပေါ်​မှာ ရှိ​ကြ၏။ သင်​တို့​ထမ်း​ဖူး​သော​ဝန်​ကို တင်၍၊ ပင်​ပန်း​သော တိ​ရ​စ္ဆာန်​တို့​သည် ထမ်း​ရ​ကြ၏။

သူ​တို့​သည် ကျိုး​ပဲ့​လျက်၊ အ​တူ​လဲ​လျက်​နေ၍၊ မိ​မိ​တို့​ထမ်း​ရ​သော​ဝန်​ကို မ​ကယ်​တင်​နိုင်​ဘဲ၊ ကိုယ်​တိုင် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​သည်​တ​ကား။

အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ဤ​သူ​အ​ပေါင်း​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​သည် တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ဤ​သူ​အ​ပေါင်း​တို့​ကို ဝတ်​လိမ့်​မည်။ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး ပြု​သည်​နည်း​တူ တန်​ဆာ​ဆင်​လိမ့်​မည်။

အို ဇိ​အုန်​မြို့၊ နိုး​လော့။ နိုး၍ ခွန်​အား​ကို ယူ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော၊ သန့်​ရှင်း​သော​မြို့၊ သင်၏​တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဝတ်​ဆင်​လော့။ အ​ကြောင်း​မူ​ကား၊ နောက်​တစ်​ဖန် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​နှင့် ညစ်​ညူး​သော​သူ​တို့​သည် သင်၏​အ​ထဲ​သို့ မ​ဝင်​ရ​ကြ။

ဖြောင့်​မတ်​ခြင်း တ​ရား​တည်း​ဟူ​သော ရင်​ကျပ်​ကို​ဝတ်​ဆင်၍၊ ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို ဆောင်း​တော်​မူ၏။ အ​ပြစ်​ပေး​ခြင်း အ​ဝတ်​ကို​လည်း​ကောင်း၊ စိတ်​အား​ကြီး​ခြင်း​ဝတ်​လုံ​ကို​လည်း​ကောင်း ယူ​တင်​ဝတ်​ဆောင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ရပ်​လျက်၊ သင်​တို့​သိုး​စု​များ​ကို ထိန်း​ကျောင်း​ကြ​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သင်​တို့​အ​ဖို့ လယ်​လုပ်၍၊ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း ပြု​စု​ကြ​လိမ့်​မည်။

သာ​သ​နာ​ပ​လူ​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို မ​ဖန်​ဆင်း​သော​ဘု​ရား​တို့​သည် ဤ​ကောင်း​ကင်​အောက်၊ ဤ​မြေ​ကြီး​ပြင်​မှ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

ထို​သို့​သော​အ​ရာ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ လှည့်​စား​သော​အ​ရာ​လည်း ဖြစ်​ကြ၏။ စစ်​ကြော​ခြင်း​ကို​ခံ​ရ​သည်​ကာ​လ၌ ကွယ်​ပျောက်​ကြ​လိမ့်​မည်။

အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော​သူ၏ ကျွန်၊ မှူး​မတ်၊ ပြည်​သူ​ပြည်​သား၊ သူ​တို့​နှင့်​ရော​နှော​သော တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ၊

အဲ​ဂု​တ္တု​ပြည် ဗက်​ရှေ​မက်​မြို့၌၊ ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖျက်၍၊ အဲ​ဂု​တ္တု​ဘု​ရား​အိမ်​များ​ကို မီး​ရှို့​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နော​မြို့၌​ရှိ​သော အ​မ္မုန်​ဘု​ရား​နှင့် ဖာ​ရော​ဘု​ရင်​မှ​စ၍ အဲ​ဂု​တ္တု​ပြည်​သား​ဘု​ရား​များ၊ ရှင်​ဘု​ရင်​များ​တည်း​ဟူ​သော၊ ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော၊ ထို​ဘု​ရင်​ကို ကိုး​စား​သော​သူ​တို့​ကို ငါ​ဆုံး​မ​မည်။

သင်​သည် မိ​မိ​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ​ကို ကိုး​စား​သော​ကြောင့်၊ သူ​တစ်​ပါး​လက်​သို့ ရောက်​ရ​လိမ့်​မည်။ ခေ​မု​ရှ​ဘု​ရား​ကို​လည်း သူ၏​မင်း၊ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် တ​ကွ သိမ်း​သွား​ကြ​လိမ့်​မည်။

ငါ​သည်​လည်း၊ ဒ​မာ​သက်​မြို့​ရိုး​ကို မီး​ရှို့၍၊ ဗင်္ဟာ​ဒဒ်၏​နန်း​တော်​တို့​ကို လောင်​စေ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

လူ​မျိုး​တို့​တွင် သ​တင်း​ကြား​ပြော​ကြ​လော့။ ဝှက်၍​မ​ထား​ဘဲ အ​လံ​ကို​ထူ၍ ကြော်​ငြာ​ကြ​လော့။ ကြား​ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​မြို့​ကို တိုက်​ယူ​ကြ​ပြီ။ ဗေ​လ​ဘု​ရား​သည် အ​ရှက်​ကွဲ​ပြီ။ မေ​ရော​ဒပ်​ဘု​ရား​သည် ကျိုး​ပြီ။ ဗာ​ဗု​လုန် ရုပ်​တု​ဆင်း​တု​တို့​သည် အ​ရှက်​ကွဲ၍ ကျိုး​ပဲ့​လျက်​ရှိ​ကြ၏။

ဗာ​ဗု​လုန်​မြို့၌ ဗေ​လ​ဘု​ရား​ကို​လည်း ငါ​သည် ဒဏ်​ပေး​မည်။ သူ​မျို​သော​အ​ရာ​တို့​ကို တစ်​ဖန် အန်​စေ​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် နောက်​တစ်​ဖန် သူ့​ထံ​မှာ မ​စည်း​ဝေး​ရ​ကြ။ မြို့​ရိုး​လည်း ပြို​လဲ​လျက်​ရှိ​ရ​လိမ့်​မည်။

အ​နှစ်​လေး​ဆယ်​ပတ်​လုံး လူ​လျှောက်၍​မ​သွား​ရ။ တိ​ရ​စ္ဆာန်​လည်း လျှောက်၍​မ​သွား​ရ။ အ​ဘယ်​သူ​မျှ မ​နေ​ရ။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား ငါ​ပေး​မည်။ ထို​မင်း​သည် ပြည်​သား အ​လုံး​အ​ရင်း​ကို​လည်း​ကောင်း၊ လက်​ရ​ဥ​စ္စာ အ​မျိုး​မျိုး​ကို​လည်း​ကောင်း၊ သိမ်း​ယူ​ပြီး​လျှင်၊ မိ​မိ​စစ်​သူ​ရဲ​တို့ အ​ခ​ဖို့ ဝေ​ငှ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရုပ်​တု​တို့​ကို ငါ​ဖျက်​ဆီး၍၊ နော​ဖ​ပြည်၌ ဆင်း​တု​တို့​ကို​လည်း ပယ်​ဖြတ်​မည်။ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​မင်း​မျိုး မ​ရှိ​ရ။ အဲ​ဂု​တ္တု​ပြည်​သည် ကြောက်​ရွံ့​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။

သူ​တို့၏​ဘု​ရား​များ၊ သွန်း​သော​ရုပ်​တု​များ၊ အ​ဖိုး​ထိုက်​သော​ငွေ​ဖ​လား၊ ရွှေ​ဖ​လား​များ​ကို အဲ​ဂု​တ္တု​ပြည်​သို့ သိမ်း​သွား​လိမ့်​မည်။ သူ​သည်​လည်း မြောက်​ရှင်​ဘု​ရင်​ထက် အ​သက်​ရှည်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တစ်​ဖက်၌ ကြောက်​မက်​ဖွယ်​ဖြစ်၍၊ လော​ကီ​ဘု​ရား ရှိ​သ​မျှ​တို့​ကို အ​ငတ်​ထား​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ကျွန်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ်၌ ရှိ​ခိုး​ကြ​လိမ့်​မည်။

ည​အ​ချိန်​ကုန်​လု၍ နေ့​အ​ချိန် ရောက်​လု​သော​ကြောင့်​လည်း​ကောင်း၊ ယ​ခု​အ​ခါ အိပ်​ပျော်​ရာ​မှ နိုး​ရ​သော​အ​ချိန် ရောက်​ခဲ့​ပြီ​ဟု ငါ​တို့​သည်​သိ၍ ကာ​လ​အ​ချိန်​ကို ထောက်​လျက်၊ မှောင်​မိုက်၏​အ​ကျင့်​ကို ပယ်​ရှား၍၊ အ​လင်း၏ လက်​နက်​စုံ​ကို ဝတ်​ဆင်​ဆောင်​ရွက်​ကြ​ကုန်​အံ့။-

မာရ်​နတ်၏ ပ​ရိ​ယာယ်​တို့​ကို တား​ဆီး​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ဝတ်​ဆောင်​ကြ​လော့။-

ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။-

စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ