မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလနှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်းထဲသို့ ပစ်ချကြ၏။
အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတစ်ဖက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏အရာ၌ နန်းထိုင်၏။
အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာတွင်းထဲသို့ ချတော်မူမည်။ လူအသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တစ်ဝက်ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံပါမည်။
အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။
သင့်ကိုမူကား၊ ရွံရှာဖွယ်သောသစ်ခက်ကဲ့သို့ သင်္ချိုင်းထဲက ထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ဓားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်းသော အသေကောင်ဖြစ်လေ၏။
သူတို့ခြေသည် အဓမ္မအမှုကိုပြုခြင်းငှာ ပြေးတတ်၏။ အပြစ်မရှိသောသူ၏အသက်ကို သတ်ခြင်းငှာလျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။
မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ်သောတောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှာ လူအသက်ကိုသတ်၍၊ သူတစ်ပါးတို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။
သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှာ လျင်မြန်၏။-