ထိုအခါ မိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။
ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသားယောဟနန်နှင့် သူ၌ပါသော တပ်မှူးအပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။
နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသားတို့ထံသို့ သွားလေ၏။
အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင်ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့လည်းကောင်းစေလွှတ်၍၊