လူအပေါင်းတို့ကိုခေါ်၍၊ နာသနိသား ဣရှမေလကိုတိုက်ခြင်းငှာ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နားမှာ တွေ့လေ၏။
ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာ ဆုံမိလျက် ရေကန်တစ်ဖက်တစ်ချက်၌ ထိုင်ကြ၏။
ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသားယောဟနန်နှင့် သူ၌ပါသော တပ်မှူးအပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။