Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 41:10

Judson Bible

ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ကျိုး​ကို ပြု​စု​ခြင်း​ငှာ၊ လူ​တစ်​ယောက်​လာ​ကြောင်း​ကို၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​နှင့် ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား တော​ဘိ​တို့​သည် ကြား​သော်၊ အ​လွန်​နှ​လုံး​မ​သာ ရှိ​ကြ၏။

ထို​သ​တင်း​ကို ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်၊ ကျွန်​ခံ​သူ အ​မ္မုန်​အ​မျိုး​သား​တော​ဘိ၊ အာ​ရပ်​အ​မျိုး​သား ဂေ​ရှင်​တို့​သည် ကြား​လျှင်၊ ပြက်​ရယ်​ပြု၍ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​မည်​နည်း။ ရှင်​ဘု​ရင်​ကို ပုန်​ကန်​ကြ​မည်​လော​ဟု ကဲ့​ရဲ့​လျက်​ဆို​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မင်း​ကို သား​မ​ရှိ​သော​သူ​ဟူ၍​လည်း​ကောင်း၊ တစ်​သက်​လုံး မ​ကောင်း​စား​သော​သူ ဟူ၍​လည်း​ကောင်း ရေး​မှတ်​လော့။ သူ၏​သား​မြေး တစ်​စုံ​တစ်​ယောက်​မျှ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော​အ​ခွင့်​နှင့်၊ ယု​ဒ​ပြည်​ကို စိုး​စံ​ရ​သော​အ​ခွင့်​မ​ရှိ​ရ။

ထို​သို့​ကိုယ်​တော်၏​မ​ယား​နှင့် သား​သ​မီး​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​လူ​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​လည်း သူ​တို့​လက်​နှင့်​မ​လွတ်​ဘဲ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့​ရောက်၍၊ ဤ​မြို့​ကို မီး​ရှို့​စေ​တော်​မူ​မည်​ဟု လျှောက်၏။

ရိ​ဗ​လ​မြို့​မှာ ဇေ​ဒ​ကိ​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ယု​ဒ​မှူး​မတ်​အ​ပေါင်း​ကို​လည်း သတ်​လေ၏။

ကိုယ်​တော်​ကို သတ်​စေ​ခြင်း​ငှာ၊ အ​မ္မုန်​ရှင်​ဘု​ရင် ဗာ​လိတ်​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​ကို​စေ​လွှတ်​ကြောင်း​ကို အ​မှန်​သိ​ပါ၏​လော​ဟု မေး​လျှောက်​သော်​လည်း၊ ထို​စ​ကား​ကို အ​ဟိ​ကံ​သား ဂေ​ဒ​လိ​သည်​မ​ယုံ။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ