ယေရမိ 40:5Judson Bibleယေရမိသည် ကိုယ်ရံတော်မှူးထံမှ မထွက်မီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်နယ်တွင်၊ မြို့အုပ်အရာ၌ ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံသို့ပြန်၍၊ ပြည်သားများနှင့်အတူ နေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟု ဆိုလျက်၊ စားစရိတ်နှင့် လက်ဆောင်ကိုပေး၍ လွှတ်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
အို ဘုရားရှင်၊ ကိုယ်တော်ကျွန်ပြုသော ပတ္ထနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်ချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်သတည်း။
ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှာ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်ခြင်းငှာ အလိုမရှိလျှင် မလိုက်နှင့်။ တစ်ပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့ သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာအရပ်သို့ သွားပါလော့ဟု ဆို၏။