Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 40:14

Judson Bible

ကိုယ်​တော်​ကို သတ်​စေ​ခြင်း​ငှာ၊ အ​မ္မုန်​ရှင်​ဘု​ရင် ဗာ​လိတ်​သည် နာ​သ​နိ​သား​ဣ​ရှ​မေ​လ​ကို​စေ​လွှတ်​ကြောင်း​ကို အ​မှန်​သိ​ပါ၏​လော​ဟု မေး​လျှောက်​သော်​လည်း၊ ထို​စ​ကား​ကို အ​ဟိ​ကံ​သား ဂေ​ဒ​လိ​သည်​မ​ယုံ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သော်​လည်း၊ တ​ရား​ကို မ​သင်​တတ်​ပါ။ တ​ရား​ကျင့်​ရာ​ပြည်၌​ပင် အ​ဓ​မ္မ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို ပ​မာ​ဏ​မ​ပြု​တတ်​ပါ။

ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊

ထို​နောက်​မှ၊ ကာ​ရာ​သား ယော​ဟ​နန်​သည် တော၌​ရှိ​သော​တပ်​မှူး​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊

နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်​နှင့် ယော​န​သန်၊ တာ​နု​မက်​သား စ​ရာ​ယ၊ နေ​တော​ဖတ်​အ​မျိုး၊ ဧ​ဖဲ၏​သား​များ၊ မာ​ခ​သိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊

သ​တ္တ​မ​လ​တွင် ဆွေ​တော်​မျိုး​တော်​ဖြစ်​သော မင်း​သား ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည်၊ လူ​တစ်​ကျိပ်​နှင့်​တ​ကွ၊ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ ထို​မြို့၌ တစ်​စု​တည်း​စား​သောက်​ကြ၏။

ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။

ထို​အ​ခါ နာ​သ​နိ​သား ဣ​ရှ​မေ​လ​နှင့် ထို​လူ​တစ်​ကျိပ်​တို့​သည်​ထ၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​အုပ်​လုပ်​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို ဓား​နှင့်​ခုတ်၍​သတ်​ကြ၏။

အ​ဆွေ​ခင်​ပွန်း​ကို မ​ယုံ​နှင့်။ လမ်း​ပြ​သော​သူ​ကို အ​မှီ​မ​ပြု​နှင့်။ သင့်​ရင်​ခွင်၌ အိပ်​သော​မ​ယား​ကို မ​ယုံ​မူ၍၊ သင့်​နှုတ်​တံ​ခါး​ကို ပိတ်​ထား​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ