ထိုနောက်မှ၊ ကာရာသား ယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့ လာ၍၊
နှင်ထုတ်ရာပြည် အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်၊ ဂေဒလိရှိရာမိဇပါမြို့သို့ ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။
ကိုယ်တော်ကို သတ်စေခြင်းငှာ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကိုစေလွှတ်ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော်လည်း၊ ထိုစကားကို အဟိကံသား ဂေဒလိသည်မယုံ။
နာသနိသား ဣရှမေလ၊ ကာရာသား ယောဟနန်နှင့် ယောနသန်၊ တာနုမက်သား စရာယ၊ နေတောဖတ်အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊
သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာသား နာသနိ၏သားဣရှမေလသည်၊ လူတစ်ကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ထိုမြို့၌ တစ်စုတည်းစားသောက်ကြ၏။
ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိအစရှိသော တပ်မှူးရှိသမျှတို့နှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက်ယေရမိထံသို့ ချဉ်းကပ်၍