Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 40:12

Judson Bible

နှင်​ထုတ်​ရာ​ပြည် အ​ရပ်​ရပ်​တို့​မှ ပြန်​လာ၍၊ ယု​ဒ​ပြည်၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ ရောက်​သ​ဖြင့်၊ များ​စွာ​သော စ​ပျစ်​ရည်​နှင့် နွေ​ကာ​လ​အ​သီး​ကို သိမ်း​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

မြက်​ပင်​ပေါက်​တတ်၏။ ပျိုး​ပင်​လည်း ထင်​ရှား​တတ်၏။ တောင်​ယာ​အ​သီး​ကို​လည်း သိမ်း​ရ၏။

ထို​ကြောင့်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သ​ကဲ့​သို့၊ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်​အ​တွက် ငါ​သည်​မျက်​ရည်​ကျ​မည်။ အို​ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့၊ ငါ​သည် မျက်​ရည်​ကျ​လျက် သင့်​ကို​ရေ​လောင်း​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​သစ်​သီး​နှင့် စ​ပါး​နှံ​တို့​သည် စစ်​တိုက်​သံ​နှင့် တွေ့​ကြုံ​ကြ​ပြီ။

ငါ​မူ​ကား၊ လာ​လ​တ္တံ့​သော ခါ​လ​ဒဲ​လူ​တို့​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မိ​ဇ​ပါ​မြို့​မှာ​နေ​မည်။ သင်​တို့​မူ​ကား၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ နွေ​ကာ​လ​အ​သီး​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​သိမ်း၍ အိုး၌​သို​ထား​ကြ​လော့။ ယ​ခု​ဝင်​ပြန်​သော​မြို့​ရွာ​တို့၌ နေ​ကြ​လော့​ဟူ၍၊ ထို​သူ​တို့​အား သ​စ္စာ​ပြု​လေ၏။

ထို​နောက်​မှ၊ ကာ​ရာ​သား ယော​ဟ​နန်​သည် တော၌​ရှိ​သော​တပ်​မှူး​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊

ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။

အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ပြီး​မှ ယု​ဒ​ပြည်၌ နေ​အံ့​သော​ငှာ၊

ကောင်း​ကင်​မိ​ဖု​ရား​အ​ဖို့ နံ့​သာ​ပေါင်း​ကို မီး​မ​ရှို့၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​မ​ပြု​ဘဲ နေ​ပြန်​သော​အ​ခါ၊ အ​လွန်​ဆင်း​ရဲ​ခြင်း၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

ငါ့​သိုး​တို့​သည် တောင်​များ၊ မြင့်​သော​ကုန်း​များ အ​ပေါ်​မှာ​လဲ၍ မြေ​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​သို့ ကွဲ​ပြား​ပျံ့​လွင့်​လျက်​နေ၍၊ အ​ဘယ်​သူ​မျှ မ​လိုက်​မ​ရှာ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ