Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 40:1

Judson Bible

ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရ​မိ​ကို တစ်​ဖန်​သိမ်း​သွား၍ ရာ​မ​မြို့၌ လွှတ်​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည် အ​ရာ​မှာ၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ၊ ယေ​ရ​မိ​သည်​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​သ​မင်း နန်း​စံ​သုံး​ဆယ်​ခြောက်​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဗာ​ရှာ​သည် ယု​ဒ​ပြည်​သို့​စစ်​ချီ၍၊ ယု​ဒ​ရှင်​ဘု​ရင် အာ​သ​ထံ​သို့ အ​ဘယ်​သူ​မျှ မ​ထွက်​မ​ဝင်​စေ​ခြင်း​ငှာ၊ ရာ​မ​မြို့​ကို​တည်၏။

အ​ကြောင်း​မူ​ကား၊ ကြေး​ဝါ​တံ​ခါး​တို့​ကို​ချိုး၍၊ သံ​ကန့်​လန့်​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ပေါက်​ဖော်​မ​ရှိ​သော သူ​တို့​အား အိမ်​ထောင်​ချ​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၍၊ ချုပ်​ထား​သော​သူ​တို့​ကို​လည်း ကြွယ်​ဝ​ခြင်း​ထဲ​သို့ သွင်း​တော်​မူ၏။ ငြင်း​ဆန်​သော​သူ​တို့​မူ​ကား၊ သွေ့​ခြောက်​သော အ​ရပ်၌ နေ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရာ​မ​အ​ရပ်၌ သည်း​စွာ​သော ညည်း​တွား​ငို​ကြွေး​ခြင်း​အ​သံ​ကို ကြား​ရ၍၊ ရာ​ခေ​လ​သည် မိ​မိ​သား​တို့​မ​ရှိ​သော​ကြောင့်၊ ငို၍ စိတ်​မ​ပြေ​နိုင်။

ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။

ထို​နောက် ဆယ်​ရက်​ကြာ​သော​အ​ခါ၊ ထာ၀​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လျှင်၊

သိမ်း​သွား​ရာ သ​က္က​ရာဇ်​တစ်​ဆယ်​နှစ်​ခု၊ ဒ​သ​မ​လ ငါး​ရက်​နေ့​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှ ပြေး၍​လွတ်​သော သူ​တစ်​ယောက်​သည် ငါ့​ထံ​သို့​ရောက်​လာ၍၊ မြို့​ကို​လုပ်​ကြံ​ပြီ​ဟု သ​တင်း​ကြား​ပြော၏။

ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။-

ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊-

ထို​မှ​တစ်​ပါး၊ ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊

ပြန်​လာ​သော​အ​ခါ၊ မိ​မိ​အိမ်​ရှိ​သော ရာ​မ​မြို့​သို့ ပြန်​လာ၍ ထို​မြို့​မှာ​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လျက်​နေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ