Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 4:25

Judson Bible

ငါ​ကြည့်​ရှု၍ လူ​မ​ရှိ။ မိုး​ကောင်း​ကင်​ငှက် အ​ပေါင်း​တို့​သည် ပြေး​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ပြည်​သား​များ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့်၊ ပြည်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မြည်​တမ်း​ရ​ပါ​အံ့​နည်း။ အ​ရပ်​ရပ်​တို့၌​ရှိ​သော မြက်​ပင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ညှိုး​နွမ်း​ရ​ပါ​အံ့​နည်း။ ငါ​တို့​ခံ​ရ​သော​အ​ကျိုး​အ​ပြစ် ကို ဘု​ရား​သ​ခင် မ​သိ​မ​မြင်​ဟု ပြည်​သား​များ ဆို​သော​ကြောင့်၊ သား​များ​နှင့် ငှက်​များ​တို့​သည် ပျောက်​ပျက်​ကြ​ပါ​ပြီ။

တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။

ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော အ​မျိုး​ကို​ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ မ​ပြေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပင်​လယ်​ငါး၊ မိုး​ကောင်း​ကင်​ငှက်၊ တော​တိ​ရ​စ္ဆာန်​နှင့် မြေ၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်၊ မြေ​ပေါ်​မှာ​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ တုန်​လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​လျက်၊ အ​ဇောက်​မြင့်​သော အ​ရပ်​တို့​သည် လဲ​လျက်၊ အ​လုံး​စုံ​သော​အုတ်​ရိုး ပြုတ်​လျက် ရှိ​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ပြည်​သည် ငြို​ငြင်​လိမ့်​မည်။ ပြည်​သား​အ​ပေါင်း​တို့​နှင့် တ​ကွ၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ပင်​လယ်​ငါး​တို့​သည်​လည်း ကုန်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ