Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 39:7

Judson Bible

ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဒ​ကိ​မင်း၏​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​ကြ၏။ ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို​ကြေး​ဝါး​ကြိုး​နှင့်​ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။

ကိုယ်​တော်၏ အ​ထုံး​အ​ဖွဲ့​များ​ကို စောင့်​ပါ​မည်။ အ​ကျွန်ုပ်​ကို ရှင်း​ရှင်း စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​နှင့် သင်၏​အ​ဆွေ​ခင်​ပွန်း​တို့၌၊ သင့်​ကို ကြောက်​မက်​ဖွယ်​သော​အ​ရာ ဖြစ်​စေ​မည်။ သူ​တို့​သည်​လည်း၊ သင့်​မျက်​မှောက်၌ ရန်​သူ၏​ဓား​ဖြင့် ဆုံး​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် ပြည်​သား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား၍၊ ဓား​နှင့် သတ်​လိမ့်​မည်။

သင်​သည် ထို​မင်း​လက်​နှင့် မ​လွတ်​ရ။ စင်​စစ် သင့်​ကို​ဖမ်း​ဆီး၍ ထို​မင်း​လက်​သို့ အပ်​ကြ​လိမ့်​မည်။ သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ တစ်​ယောက်​နှင့်​တစ်​ယောက် စ​ကား​ပြော​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​သို့​လည်း သွား​ရ​လိမ့်​မည်။

ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း အ​သက်၏​ရန်​သူ​တည်း​ဟူ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း၏​လက်​သို့ ဇေ​ဒ​ကိ​မင်း​ကို ငါ​အပ်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​ဟော​ဖ​ရာ​အ​သက်​ကို ရှာ​သော ရန်​သူ​လက်​သို့ ထို​မင်း​ကို​ငါ​အပ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့​ယူ​သွား​သ​ဖြင့်၊ သေ​သည်​တိုင်​အောင် ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။

ထို​မင်း​ကို​လည်း ငါ၏​ပိုက်​ကွန်​နှင့်​အုပ်​၍၊ ငါ​၏​ကျော့​ကွင်း​၌ ကျော့​မိ​စေ​မည်။ ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ထို​မြို့​၌ သေ​ရ​သော်​လည်း မြို့​ကို​မ​မြင်​ရ။

ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ