ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံရသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊
မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထားကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့် သတည်း။
ထိုအခါ ဇေဒကိမင်းကြီး အမိန့်တော်ရှိ၍၊ ယေရမိကို ထောင်ဝင်း၌ထားကြ၏။ မြို့တွင် မုန့်မကုန်မီတိုင်အောင်၊ မုန့်သည်တန်းမှ မုန့်တစ်လုံးကို နေ့တိုင်းအစဉ် ပေးရ၏။ ထိုသို့ ယေရမိသည် ထောင်ဝင်းထဲမှာနေလေ၏။
ထိုသို့ယေရမိကို မြေတွင်းထဲက ကြိုးနှင့်ဆွဲတင်ကြ၏။ ထိုနောက် ယေရမိသည်ထောင်ဝင်းထဲမှာ နေလေ၏။
ယေရုရှလင်မြို့ကို တိုက်၍ရသော နေ့တိုင်အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရုရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာရှိသေး၏။
ယေရမိကို ထောင်ဝင်းထဲက နုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ပို့ဆောင်စေခြင်းငှာ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိသည် ပြည်သားများနှင့်အတူ နေရလေ၏။
ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။-