Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 39:14

Judson Bible

ယေ​ရ​မိ​ကို ထောင်​ဝင်း​ထဲ​က နုတ်​ယူ​ပြီး​လျှင်၊ သူ၏​နေ​ရာ​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ရှာ​ဖန်​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ၌ အပ်​ကြ၏။ သို့​ဖြစ်၍၊ ယေ​ရ​မိ​သည် ပြည်​သား​များ​နှင့်​အ​တူ နေ​ရ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ၊ ရှာ​ဖန်​သား​အ​ဟိ​ကံ၊ မိ​က္ခာ​သား​အာ​ခ​ဗော်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အ​သ​ဟိ​ကို​ခေါ်၍၊

ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား၊ အ​ချုပ်​ဝန်​ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​ပြင်​မြို့၌​နေ​သည် ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်၊ ရှာ​ဖန်၊ အ​သ​ဟိ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။

ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ ရှာ​ဖန်​သား အ​ဟိ​ကံ၊ မိ​က္ခာ​သား အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အာ​သာ​ယ​ကို ခေါ်၍၊

သူ၏​စ​ကား​မ​ပြည့်​စုံ​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း စုံ​စမ်း​ခြင်း​ကို​ခံ​ရ၏။

ယော​ယ​ကိမ်​မင်း​ကြီး​သည် အာ​ခ​ဗော်​သား ဧ​လ​နာ​သန်​နှင့်​တ​ကွ လူ​အ​ချို့​တို့​ကို အဲ​ဂု​တ္တု​ပြည်​သို့ စေ​လွှတ်၍၊

သို့​သော်​လည်း၊ ရှာ​ဖန်​သား​အ​ဟိ​ကံ​သည် ယေ​ရ​မိ​ကို​မ​စ​သော​ကြောင့်၊ အ​သေ​ခံ​စေ​ခြင်း​ငှာ လူ​များ​တို့​လက်​သို့ မ​အပ်​ရ။

ထို​အ​ခါ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ​ပြီ။ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​လျက်​နေ​ရ၏။

ထို​အ​ခါ ဇေ​ဒ​ကိ​မင်း​ကြီး အ​မိန့်​တော်​ရှိ၍၊ ယေ​ရ​မိ​ကို ထောင်​ဝင်း၌​ထား​ကြ၏။ မြို့​တွင် မုန့်​မ​ကုန်​မီ​တိုင်​အောင်၊ မုန့်​သည်​တန်း​မှ မုန့်​တစ်​လုံး​ကို နေ့​တိုင်း​အ​စဉ် ပေး​ရ၏။ ထို​သို့ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​လေ၏။

ထို​သို့​ယေ​ရ​မိ​ကို မြေ​တွင်း​ထဲ​က ကြိုး​နှင့်​ဆွဲ​တင်​ကြ၏။ ထို​နောက် ယေ​ရ​မိ​သည်​ထောင်​ဝင်း​ထဲ​မှာ နေ​လေ၏။

ယေ​ရု​ရှ​လင်​မြို့​ကို တိုက်၍​ရ​သော နေ့​တိုင်​အောင်၊ ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ​နေ​ရ၏။ ယေ​ရု​ရှ​လင်​မြို့​သည် ရန်​သူ​လက်​သို့ ရောက်​သော​အ​ခါ၊ ထောင်​ဝင်း​ထဲ​မှာ​ရှိ​သေး၏။

ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်၊ မိန်း​မ​စိုး​အုပ် နေ​ဗု​ရှာ​ဇ​ဗန်၊ မာ​ဂု​ပ​ညာ​ရှိ​အုပ် နေ​ရ​ဂါ​လ​ရှ​ရ‌ေ​ဇာ​အ​စ​ရှိ​သော ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​အ​ပေါင်း​တို့​သည် လူ​ကို​စေ​လွှတ်၍၊

ယေ​ရ​မိ​သည် ထောင်​ဝင်း​ထဲ​မှာ အ​ချုပ်​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရောက်၍၊

ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရ​မိ​ကို တစ်​ဖန်​သိမ်း​သွား၍ ရာ​မ​မြို့၌ လွှတ်​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည် အ​ရာ​မှာ၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ၊ ယေ​ရ​မိ​သည်​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊

ယေ​ရ​မိ​သည် ကိုယ်​ရံ​တော်​မှူး​ထံ​မှ မ​ထွက်​မီ၊ ကိုယ်​ရံ​တော်​မှူး​က၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​နယ်​တွင်၊ မြို့​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ထံ​သို့​ပြန်၍၊ ပြည်​သား​များ​နှင့်​အ​တူ နေ​ပါ​လော့။ သို့​မ​ဟုတ်၊ စိတ်​ရှိ​သည်​အ​တိုင်း သွား​ပါ​လော့​ဟု ဆို​လျက်၊ စား​စ​ရိတ်​နှင့် လက်​ဆောင်​ကို​ပေး၍ လွှတ်​လိုက်​လေ၏။

ထို​အ​ခါ ယေ​ရ​မိ​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​သွား၍၊ ပြည်၌​ကျန်​ကြွင်း​သေး​သော သူ​တို့​နှင့် အ​တူ​နေ​လေ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊

သ​တ္တ​မ​လ​တွင် ဆွေ​တော်​မျိုး​တော်​ဖြစ်​သော မင်း​သား ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည်၊ လူ​တစ်​ကျိပ်​နှင့်​တ​ကွ၊ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ ထို​မြို့၌ တစ်​စု​တည်း​စား​သောက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ