ယေရမိ 38:4Judson Bibleထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သောစကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသော စစ်သူရဲအစရှိသော လူအပေါင်းတို့၏လက်ကို အားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး၏အကျိုးကို မပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကို ကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော်မူ၏။ သူတို့ကို အပြစ်မှ လွှတ်တော်မမူပါနှင့်။ မျက်မှောက်တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။