Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 38:23

Judson Bible

ထို​သို့​ကိုယ်​တော်၏​မ​ယား​နှင့် သား​သ​မီး​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​လူ​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​လည်း သူ​တို့​လက်​နှင့်​မ​လွတ်​ဘဲ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့​ရောက်၍၊ ဤ​မြို့​ကို မီး​ရှို့​စေ​တော်​မူ​မည်​ဟု လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဒ​ကိ​မင်း၏​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​ကြ၏။ ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို​ကြေး​ဝါး​ကြိုး​နှင့်​ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ကျေး​ဇူး​ပြု၍၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​သည်​ဖြစ်၍၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် မီး​ရှို့​လိမ့်​မည်။

ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​သည် ခါ​လ​ဒဲ​လူ​တို့​လက်​နှင့် မ​လွတ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ဆက်​ဆက်​ရောက်​လိမ့်​မည်။ မျက်​နှာ​ချင်း​ဆိုင်၍ စ​ကား​ပြော​လျက်၊ တစ်​ယောက်​ကို တစ်​ယောက်​ကြည့်​ရှု​လျက် တွေ့​ရ​လိမ့်​မည်။

သင်​သည် ထို​မင်း​လက်​နှင့် မ​လွတ်​ရ။ စင်​စစ် သင့်​ကို​ဖမ်း​ဆီး၍ ထို​မင်း​လက်​သို့ အပ်​ကြ​လိမ့်​မည်။ သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ တစ်​ယောက်​နှင့်​တစ်​ယောက် စ​ကား​ပြော​ရ​လိမ့်​မည်။ ဗာ​ဗု​လုန်​မြို့​သို့​လည်း သွား​ရ​လိမ့်​မည်။

ခါ​လ​ဒဲ​လူ​တို့​သည်​လာ​ပြန်၍၊ ဤ​မြို့​ကို​တိုက်​ယူ​ပြီး​လျှင် မီး​ရှို့​ကြ​လိမ့်​မည်။

သို့​မ​ဟုတ်၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​တို့​ထံ​သို့ မ​ထွက်​မ​သွား​လျှင်၊ ဤ​မြို့​ကို ခါ​လ​ဒဲ​လူ​တို့​လက်​သို့​အပ်၍၊ သူ​တို့​သည် မီး​ရှို့​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​လည်း၊ သူ​တို့​လက်​နှင့် မ​လွတ်​ရ​ဟု ဇေ​ဒ​ကိ​ကို​လျှောက်​ဆို၏။

ဇေ​ဒ​ကိ​က​လည်း၊ ဤ​စ​ကား​ကို အ​ဘယ်​သူ​မျှ​မ​ကြား​မ​သိ​စေ​နှင့်။ သို့​ပြု​လျှင်၊ သင်​သည်​မ​သေ​ရ။

ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် လိုက်​လျက်၊ ယေ​ရိ​ခေါ​လွင်​ပြင်၌ ဇေ​ဒ​ကိ​မင်း​ကို​မီ၍ ဖမ်း​ဆီး​ပြီး​မှ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ရှိ​ရာ ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ​မင်း၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊

ရိ​ဗ​လ​မြို့​မှာ ဇေ​ဒ​ကိ​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ယု​ဒ​မှူး​မတ်​အ​ပေါင်း​ကို​လည်း သတ်​လေ၏။

ထို​အ​ခါ အ​ဟိ​ကံ​သား ဂေ​ဒ​လိ၌ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အပ်​သော မင်း​သ​မီး​များ​အ​စ​ရှိ​သော၊ မိ​ဇ​ပါ​မြို့၌ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို နာ​သ​နိ​သား ဣ​ရှ​မေ​လ​သည်​သိမ်း​ယူ၍၊ အ​မ္မုန်​အ​မျိုး​သား​တို့​ထံ​သို့ ထွက်​သွား​လေ၏။

သူ​တို့​အိမ်​နှင့်​တ​ကွ လယ်​ယာ၊ မိန်း​မ​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​တို့​ကို ငါ​ဒဏ်​ခတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပ​ရော​ဖက်​သည် ဟော​ပြော၍ မှား​ယွင်း​လျှင်၊ ထို​ပ​ရော​ဖက်​ကို ငါ​ထာ​ဝ​ရ​ဘု​ရား မှား​ယွင်း​စေ၏။ ထို​သူ​ကို ငါ​သည်​ဒဏ်​ခတ်၍၊ ငါ၏ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​မှ ပယ်​ရှား​မည်။

သို့​ရာ​တွင်၊ မြင်း​များ၊ လူ​များ​တို့​ကို​တောင်း​ခြင်း​ငှာ သံ​တ​မန်​ကို အဲ​ဂု​တ္တု​ပြည်​သို့​စေ​လွှတ်၍ ပုန်​ကန်​လေ​ပြီ။ ထို​သို့​ပြု​သော​သူ​သည် ကောင်း​စား​ရ​မည်​လော။ ဘေး​လွတ်​ရ​မည်​လော။ သ​စ္စာ​ဖျက်​ပြီး​မှ လွတ်​ရ​မည်​လော။

ငါ​မြင်​သော ရူ​ပါ​ရုံ​သည် မြို့​တော်​ကို​ဖျက်​ဆီး​ခြင်း​ငှာ လာ​သော​အ​ခါ၊ ငါ​မြင်​သော ရူ​ပါ​ရုံ​နှင့်​တူ၏။ ထင်​ရှား​သော​အ​ရာ​တို့​သည် ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော အ​ရာ​များ​ကဲ့​သို့​ဖြစ်၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။

ကော​ဟတ်​အ​ဆွေ​အ​မျိုး​အ​နွယ်​သား​တို့​ကို လေ​ဝိ​သား​စု​ထဲ​က မ​ပယ်​မ​ဖြတ်​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ