Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 38:14

Judson Bible

တစ်​ဖန် ဇေ​ဒ​ကိ​မင်း​ကြီး​သည်​လူ​ကို​စေ​လွှတ်၍၊ ဗိ​မာန်​တော်၌ တ​တိ​ယ​အ​တွင်း​ခန်း​ထဲ​သို့ ယေ​ရ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်၌ တစ်​စုံ​တစ်​ခု​ကို ငါ​မေး​မြန်း​မည်။ အ​ဘယ်​အ​ရာ​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်​ဟု ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရှင်​ဘု​ရင်​က၊ ငါ​မေး​မြန်း​သည်​အ​မှု​ကို မ​ထိမ်​မ​ဝှက်​ပါ​နှင့် ဟု​အ​မိန့်​ရှိ​သော်၊ မိန်း​မ​က အ​ရှင်​မင်း​ကြီး​အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

စား​ပွဲ​တော်​တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော​အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊

ဗိ​မာန်​တော်၌ ဥ​ပုသ်​စောင့်​စ​ရာ​ဖို့ ဆောက်​သော​မ​ဏ္ဍပ်​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တက်​ရာ စောင်း​တန်း​ကို​လည်း​ကောင်း၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကြောင့်​ပယ်၏။

ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင့်​ကို ငါ​ချမ်း​သာ​ပေး​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော ကာ​လ၌၊ ရန်​သူ​သည် သင့်​ထံ​မှာ​တောင်း​ပန်​မည်​အ​ကြောင်း၊ အ​ကယ်​စင်​စစ် ငါ​စီ​ရင်​မည်။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

အ​ကယ်​စင်​စစ် သင်​တို့​က၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကျွန်ုပ်​တို့​အ​ဖို့ ဆု​တောင်း​ပါ​လော့။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​တို့​ကို ကြား​ပြော​ပါ​လော့။ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်​ဟု​ဆို၍၊ ငါ့​ကို သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စေ​လွှတ်​သော​အ​ခါ၊ ကိုယ်​စိတ်​ကို ကိုယ်​လှည့်​စား​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ