Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 37:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်​ဟု ဆို၍ ကိုယ်​ကို​ကိုယ် မ​လှည့်​စား​ကြ​နှင့်။ သူ​တို့​သည်​ထွက်၍ မ​သွား​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​သူ​မျှ လှည့်​စား​ခြင်း​ကို​ခံ၍ အ​န​တ္တ​ကို မ​ခို​လှုံ​စေ​နှင့်။ သို့​မ​ဟုတ် အ​န​တ္တ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​တွင်​ရှိ​သော ပ​ရော​ဖက်​ဆ​ရာ၊ အ​နာ​ဂတ်​ဆ​ရာ​တို့​သည် သင်​တို့​ကို မ​လှည့်​စား​ကြ​စေ​နှင့်။ သင်​တို့​မြင်​စေ​သော အိပ်​မက်​တို့​ကို​လည်း မ​ယုံ​မ​မှတ်​ကြ​နှင့်။

ကျောက်​ကြား​တို့၌​နေ၍ မြင့်​သော​အ​ရပ်​ကို ခို​လှုံ​လျက်၊ ငါ့​ကို​မြေ​သို့ အ​ဘယ်​သူ​နှိမ့်​ချ​နိုင်​သ​နည်း​ဟု အောက်​မေ့​သော​သူ ဖြစ်​သော​ကြောင့်၊ သင်၏​မာ​န​သည် သင့်​ကို လှည့်​စား​ပြီ။

အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။-

အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။-

လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။-

အ​ဘယ်​သူ​မျှ သင်​တို့​ကို အ​ဘယ်​သို့​သော​အား​ဖြင့် မ​လှည့်​ဖြား​စေ​နှင့်၊ ထို​နေ့​ရက်​မ​ရောက်​မီ ဖောက်​ပြန်​သင်း​ခွဲ​ခြင်း​သည် အ​ရင်​ဖြစ်၍၊ ဒု​စ​ရိုက်​လူ​တည်း​ဟူ​သော ပျက်​စီး​ခြင်း၏​သား​သည် ပေါ်​လာ​ရ​လိမ့်​မည်။-

ကိုယ်​ကို​ကိုယ်​လှည့်​ဖြား၍၊ နှုတ်​က​ပတ်​တ​ရား​ကို နာ​ရုံ​မျှ​သာ​ပြု​သော​သူ မ​ဟုတ်၊ တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ