Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 36:9

Judson Bible

ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ယော​ယ​ကိမ်​မင်း နန်း​စံ​ငါး​နှစ်၊ န​ဝ​မ​လ​တွင် ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​နှင့်၊ ယု​ဒ​မြို့​ရွာ​မှ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြော်​ငြာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယော​ရှ​ဖတ်​သည် ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ခြင်း​ငှာ​သ​ဘော​ချ​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​စေ​တော်​မူ၏။

ထို​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​စာ​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ကိုယ်၌ မြေ​မှုန့်​ကို​တင်​လျက် စည်း​ဝေး​ကြ၏။

ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း နန်း​စံ​လေး​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊

ထို​အ​ခါ န​ဝ​မ​လ​ဖြစ်၍၊ ရှင်​ဘု​ရင်​သည် ဆောင်း​ကာ​လ၌ စံ​ပျော်​ရာ​နန်း​အ​ခန်း​တွင် ထိုင်၍၊ ရှေ့​တော်၌ မီး​မယ်​ဖျူး​ပေါ်​မှာ မီး​ခဲ​ပုံ​ရှိ၏။

သင်​သွား​လော့။ ငါ​ပြန်​ပြော​သည်​အ​တိုင်း၊ သင်​သည် စာ​လိပ်၌ ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို၊ အ​စာ​ရှောင်​သော နေ့​တွင်၊ ဗိ​မာန်​တော်၌​ရှိ​သော သူ​တို့​အား ဖတ်​လော့။ အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ယု​ဒ​လူ​တို့​အား​လည်း ဖတ်​လော့။

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ငို​ကြွေး​ကြ​လော့။ ယဇ်​ပ​လ္လင်​တော် အ​မှု​စောင့်​တို့၊ မြည်​တမ်း​ကြ​လော့။ ငါ၏ ဘု​ရား​သ​ခင့်​အ​မှု​တော်​စောင့်​တို့၊ လာ​ကြ။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် တစ်​ည​လုံး​အိပ်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို သင်​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်၌ မ​ဆက်​ကပ်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား​ကြ​လော့။ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။ အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စည်း​ဝေး၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​လော့။

သ​တ္တ​မ​လ၊ ဒ​သ​မ​နေ့​သည်​လည်း အ​ပြစ်​ဖြေ​ရာ​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​သော​နေ့​ဖြစ်၏။ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို​ဆက်​ကပ်​ရ​မည်။

နိ​နေ​ဝေ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကို​ယုံ၍၊ လူ​ကြီး​လူ​ငယ်​အ​ပေါင်း​တို့​သည် အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြော်​ငြာ၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဥ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။

ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​အိမ်​တော်​သို့​သွား၍ ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဝပ်​လျက်၊ တစ်​နေ့​လုံး ညဉ့်​ဦး​ယံ​တိုင်​အောင် အ​စာ​ကို​ရှောင်၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။

သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ